International: အိမ်ခြေမဲ့မသန်စွမ်းအားကစားသမား အိုလံပစ်မှာ ဆုတွေဆွတ်ခူး

ဆုတွေအများကြီးရပေမဲ့ နေစရာအိမ်တစ်လုံးတောင်မရှိရှာသူပါ။

play

 

ဆီရီယာလီယွန်နိုင်ငံက မသန်စွမ်းအားကစားသမားတစ်ဦးဟာ ယခုကျင်းပနေတဲ့ ၂၀၁၆ မသန်စွမ်းအိုလံပစ်မှာ ဆုပေါင်းများစွာကို ဆွတ်ခူးသွားပါတယ်။

play

 

ဂျော့ခ်ျ ဝင်ဒန် ဟာ ဆီရီယာလီယွန်နိုင်ငံကိုယ်စားပြုပြီး ပြိုင်ပွဲဝင်တဲ့ တစ်ဦးတည်းသော မသန်စွမ်းအားကစားသမားလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ နေစရာအိမ်တစ်လုံးတောင်မရှိရှာပါဘူး။ အမျိုးသားအားကစားရုံထဲက ရုံးခန်းတစ်ခုမှာသာ နေထိုင်နေရတဲ့လူပါ။

play

 

ကလေးဘဝတည်းက ပိုလီယိုကြောင့် ဘီးတပ်ကုလားထိုင်ပေါ်မှာ နေခဲ့ရသူဖြစ်ပါတယ်။ ယခုနှစ် မသန်စွမ်းအိုလံပစ်မှာတော့ စားပွဲတင်တင်းနစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ