International: ရော်နယ်ဒို ကံမကောင်းဟု ပြောသည့် ဇာဗီကို ရော်နယ်ဒို တုန့်ပြန်

ဇာဗီရဲ့ ဝေဖန်မှုအပေါ် ရော်နယ်ဒိုက ပြန်လည်တုန့်ပြန်လိုက်တာပါ။

play

 

မက်ဆီနဲ့ ခေတ်ပြိုင်ကစားသမား ဖြစ်ရတဲ့အတွက် ရော်နယ်ဒို ကံမကောင်းဘူးလို့ ပြောကြားခဲ့တဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီကို ရော်နယ်ဒိုက ဝေဖန်ပြောကြားလိုက်ပါတယ်။

play

 

ရော်နယ်ဒိုဟာ ထိပ်သီးကစားသမားဖြစ်ပေမယ့် မက်ဆီနဲ့ ခေတ်ပြိုင်ဖြစ်ရတဲ့အတွက် ကံမကောင်းခဲ့ဘူးလို့ ပြောခဲ့တဲ့ အပေါ်ရော်နယ်ဒိုက ပြန်လည်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ မိမိက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သုံးကြိမ်ရဖူးသူဖြစ်ပြီး ဇာဗီကတော့ တစ်ကြိမ်မှ မရဖူးဘူးလို့ ရော်နယ်ဒိုက ပြောပါတယ်။ ဒါ့အပြင် အင်တာနက်မှာ လူတွေရှာဖွေတာ အခံရဆုံး ကစားသမားကလည်း မိမိဖြစ်တယ်လို့ ဇာဗီကို ရော်နယ်ဒိုက တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

play

 

" အင်တာနက်မှာ လူတွေ အရှာဆုံး ဘောလုံးသမားက ကျွန်တော်ပဲလေ။ ဇာဗီဘာပြောပြော ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ သူကာတာမှာ ကစားနေတာလား ဘယ်မှာကစားနေတာလည်း ဆိုတာလည်း ကျွန်တော်မသိဘူး။ ကျွန်တော်က ဘလွန်းဒီအော်ဆု သုံးကြိမ် ရပြီးပြီလေ။ သူက တစ်ခါမှ မရဖူးသေးဘူး" လို့ ရော်နယ်ဒိုက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ