International: ဒီတစ်ပတ် ချန်ပီယံလိဂ် မကြည့်ခင် သိထားသင့်တဲ့ ထူးခြားချက် (၅) ခု

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို ဒီတစ်ပတ်က စတင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

play

၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲဟာ ဒီနေ့ကစလို့ နောက်ထပ် ကိုးလ ကြာတဲ့အထိ အဆင့်ဆင့် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ လက်စတာပါဝင်လာမှုကလည်း ပြိုင်ပွဲကို ထူးခြားစေပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ် ဘယ်လောက်စွမ်းဆောင်နိုင်ဦးလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ချန်ပီယံလိဂ် ပြိုင်ပွဲမကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ပထမတစ်ပတ်မှာ ပွဲချောင်တဲ့ အသင်းကြီးတွေ

play

 

ဒေါ့မွန်၊ စပို့တင်းလစ္စဘွန်း၊ လီဂျီယာဝါဆောတို့ရဲ့ အုပ်စုတွင်းမှာ တွေ့ဆုံရမှာဖြစ်တဲ့အတွက် ရီးရဲလ်မက်ဒရစ် အုပ်စုပထမနေရာရဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ မိုချမ်ဂလာဘတ်နဲ့တွေ့ရမယ့် မန်စီးတီး၊ ရော့စတော့နဲ့ တွေ့ရမယ့် ဘိုင်ယန်မြူးနစ်တို့အတွက်လည်း ပထမတစ်ပတ်ဟာ ပွဲချောင်လွန်းနေပါတယ်။

၂။ ချန်ပီယံလိဂ်မှာ ပထမဆုံး မြင်ရမယ့် နှစ်သင်း

play

 

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာနဲ့ ရုရှားအမှတ်ပေးလိဂ်မှ ဒုတိယရခဲ့တဲ့ ရော့စတော့တို့ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို သမိုင်းတစ်လျှောက် ပထမဆုံး ကစားဖူးတာဖြစ်ပါတယ်။ ဒီနှစ်သင်း ဘယ်လောက် ခရီးရောက်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။ မာရက်နဲ့ ဗာဒီတို့ အရင်နှစ်က အတွဲညီခဲ့သလိုခြေစွမ်း ဒီနှစ်ပြန်မရသေးတာ တွေ့ရပါတယ်။ ကလပ်ဘရက်နဲ့ တွေ့ရမယ့် လက်စတာအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဟာ ရလဒ်ကောင်းသွားနိုင်ခြေ ရှိနေပါတယ်။

play

 

ရော့စတော့ဗ်ကတော့ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်မှာဖြစ်လို့ မလွယ်ပါဘူး။

၃။ ဆီဗီးလ်နှင့် ဆမ်ပါအိုလီ

play

 

ဆမ်ပါအိုလီဟာ ချီလီအသင်းကိုလည်း အောင်မြင်အောင်စွမ်းဆောင်ပေးခဲ့တဲ့နည်းပြဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီတစ်ပတ် ဂျူဗင်တပ်နဲ့ ကစားရမယ့်ပွဲမှာ နည်းပြ ဆမ်ပါအိုလီရဲ့ လက်ရှိယူရိုပါလိဂ်ချန်ပီယံ ဆီဗီးလ်အသင်း ဘာလုပ်မနိုင်မလဲဆိုတာ ရင်ခုန်စောင့်ကြည့်ချင်စရာပါ။

၎။ အငြင်းပွားဖွယ် ဖြစ်ရပ်ကို အမှတ်ရစေသည့် လီယွန်နှင့် ဒိုင်နမိုပွဲစဉ်

play

 

၂၀၁၁ ခုနှစ်တုန်းက အုပ်စုနောက်ဆုံးပွဲမှာ ဒီနှစ်သင်း တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အေဂျက်ဇ်ရဲ့ အမှတ်ပေးဇယားအပေါ်ကို ရောက်ဖို့အတွက် လီယွန်ဟာ နောက်ဆုံးပွဲမှာ အနိုင်ရဖို့ လိုတဲ့အပြင် ဂိုးအတော်များများ သွင်းဖို့လည်း လိုအပ်ခဲ့ပါတယ်။ အဲဒီပွဲမှာပဲ လီယွန်ကို ဒိုင်နမိုဇာဂရက်ကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

၅။ စပါးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ဘာလေ ပွဲဦးထွက်

play

 

ဝင်ဘာလေကွင်းကို အိမ်ကွင်းအဖြစ် ခေတ္တအသုံးပြုရမယ့် စပါးအသင်းအတွက် ပထမဆုံးပွဲကို အိမ်ကွင်းမှာ ကစားရမှာပါ။ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းကတော့ စပါး ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရခဲ့ပါဘူး။ ဒီနှစ်တော့ ဘာလုပ်ပြနိုင်မလဲ ဆက်စောင့်ကြည့်ဖို့ အခု မိုနာကိုနဲ့ပွဲကို အရင်ကြည့်ရမှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ