International: ပီအက်စ်ဂျီကို အနိုင်ရဖို့ အာဆင်နယ် လုပ်ရမည့် အချက် (၅) ချက်

ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပါတယ်။

play

 

ဒီတစ်ပတ် ချန်ပီယံလိဂ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်က အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ဖြစ်နိုင်ပါတယ်။ နည်းပြ အာစင်ဝင်းဂါးကတော့ ဒီနှစ်လူစာရင်းမှာ အတွေ့အကြုံရှိ ကစားသမားတွေ ပိုများလာတာကြောင့် ချန်ပီယံလိဂ်မှာ အခြေအနေပိုကောင်းနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီကို အနိုင်ရဖို့အတွက် အာဆင်နယ်အသင်းမှာ ဒီအချက် (၅) ချက်နဲ့ ပြည့်စုံနေဖို့ လိုပါတယ်။

၁။ ခံစစ်ပိုင်း

play

 

ကိုစီရယ်နီနဲ့ မူစတာဖီအတွဲက ပရီးမီးယားလိဂ်မှာထက်ခြေစွမ်းပိုပြနိုင်ဖို့လိုပါတယ်။ ပီအက်စ်ဂျီမှာခံစစ်ပိုင်း ပြဿနာ အနည်းငယ်ရှိတဲ့အချိန် အာဆင်နယ်ကအိမ်ကွင်းမှာ ခံစစ်ပိုကောင်းဖို့လိုပါတယ်။ ကာဗာနီနဲ့ ဘင်အာဖာတို့ရဲ့ တိုက်စစ်ကို ရင်ဆိုင်ဖို့ ဗဟိုခံစစ်အတွဲ တည်ငြိမ်မှ ဖြစ်မှာပါ။

၂။ ဆန်းချက်ဇ်နှင့် ဝဲလ်ကော့

play

 

အာဆင်နယ်တိုက်စစ်ကို အသက်သွင်းဖို့ ဆန်းချက်ဇ်နဲ့ ဝဲလ်ကော့ရဲ့ လျှင်မြန်အားနဲ့ ဖန်တီးမှုက အရေးပါလာမှာပါ။ တိုက်စစ်မှူး ပီရက်ဇ် ပိုပြီး အခွင့်အရေး ရလာဖို့ တန်ပြန်တိုက်စစ်တွေကတစ်ဆင့် ဆန်းချက်ဇ်နဲ့ ဝဲလ်ကော့ရဲ့ ခြေစွမ်းနဲ့ တိကျမှုက အရေးပါနေပါတယ်။

၃။ ရှာခါဦးဆောင်မည့် ကွင်းလယ်

play

 

ပီအက်စ်ဂျီမှာ အင်အားအကောင်းဆုံးက ကွင်းလယ်လို့ ဆိုနိုင်ပါတယ်။ မာတွီဒီ၊ ဗာရက်တီ၊ မော့တာတို့ ပါဝင်မယ့် ပီအက်စ်ဂျီကွင်းလယ်ကို အာဆင်နယ်ဘက်က ထိန်းချုပ်နိုင်မှ ဂိုးမပေးရမှာပါ။ ရှာခါရဲ့ ဖန်တီးမှုတွေနဲ့ အယ်လ်နန်နီရဲ့ လူကပ်ကစားမှုက အာဆင်နယ်အနိုင်ရဖို့ သော့ချက် ဖြစ်လာပါလိမ့်မယ်။

 ၄။ ပီရက်ဇ် ခြေစွမ်း

play

 

ပီရက်ဇ်က ပရီးမီးယားလိဂ် ပွဲဦးထွက်မှာတော့ သိပ်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဆက်ပြီးစောင့်ကြည့်ရမယ့် တာဝန်ရှိပါတယ်။ ကျောနံပါတ်-၉ ဝတ်ဆင်ထားတဲ့ ကစားသမားက အသင်းအတွက် ရလဒ်ပြောင်းသွားစေမယ်ဂိုးကို ဘယ်လိုသွင်းနိုင်မလဲ စောင့်ကြည့်ရမှာပါ။

၅။ ကာဇိုလာ၏ အတွေ့အကြုံ

play

 

ကာဇိုလာဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ကွင်းလယ်ခံစစ်အတွက် ပိုပြီး အားပြုကစားခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ တိုက်စစ်အတွက် လိုက်ပါကစားတဲ့သူ ဖြစ်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းသော ပေးပို့မှုတွေက အောင်မြင်ခဲ့ပါတယ်။ ကာဇိုလာရဲ့ ကွင်းလယ်ကြီးစိုးမှုကလည်း အာဆင်နယ်အတွက် အရေးပါနေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ