International: မန်ယူအသင်း၏ ချန်ပီယံလိဂ် အိမ်ကွင်းစံချိန်ကို ဘိုင်ယန်မြူးနစ် ကျော်ဖြတ်

၂၀၀၈ ခုနှစ်မှာ မန်ယူအသင်း တင်ထားခဲ့တဲ့ စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၆-၁၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ပထမဆုံးအုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ရော့စတော့ဗ်အသင်းကို အနိုင်ရပြီးနောက် မန်ယူအသင်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဂျာမနီထိပ်သီးအသင်း ဘိုင်ယန်မြူးနစ်က ရုရှားကလပ် ရော့စတော့ဗ်အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် အိမ်ကွင်းမှာ ၁၃ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို ရရှိထားခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်မှာ မန်ယူအသင်း တင်ထားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၁၂ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းက ၂၀၀၆ နှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာပဲ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ဖူးပါတယ်။ ၂၀၁၃-၁၄ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့တွေ့ပြီး နောက်ပိုင်းကတည်းက ဘိုင်ယန်မြူးနစ်ဟာ အိမ်ကွင်း ရှုံးပွဲ မတွေ့ခဲ့ပါဘူး။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ