International: ချန်ပီယံလိဂ် ပထမဆုံးပွဲမှာ လက်စတာအနိုင်ရပြီးနောက် တွေးစရာ အချက် (၅) ချက်

လက်စတာအသင်းက ပထမဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကလပ်ကို ဂိုးပြတ်နိုင်ပွဲ ရခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမပွဲစဉ်တွေ အားလုံးကစားခဲ့ပြီးတဲ့နောက် အသင်းကြီးအားလုံးပါး အခြေအနေကောင်းခဲ့ကြပါတယ်။ အိမ်ကွင်းမှာ ခြေချော်သွားတဲ့ စပါးတစ်သင်းက လွဲလို့ လက်စတာ၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ တို့ ရလဒ်ကောင်းခဲ့ကြတာပါ။

ဘယ်လ်ဂျီယံအသင်းဖြစ်တဲ့ ကလပ်ဘရက်ကို လက်စတာနိုင်ခဲ့တဲ့ပွဲက ရခဲ့တဲ့ တွေးစရာ (၅) ခုရှိပါတယ်။

၁။ အဆင့်မြင့်ဖလားကို အာရုံစိုက်တဲ့နှစ်

play

 

အမှတ်ပေးချန်ပီယံ လက်စတာက ဒီနှစ်မှာ ပရီးမီးယားလိဂ်ကို မနှစ်ကလောက် အာရုံမစိုက်တော့တာ တွေ့ရပါတယ်။ တကယ်တမ်းမှာလည်း နည်းပြအပြောင်းအလဲတွေနဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူတို့ ရှိနေတဲ့ အချိန်မှာ အမှတ်ပေးဖလား ရဖို့မလွယ်တော့ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ကို လက်စတာ အပြည့်အဝ အာရုံစိုက်ထားတယ်ဆိုတာ ဒီအဖွင့်ပွဲက သက်သေပြနေပါတယ်။

၂။ ခြေပြန်တွေ့သွားတဲ့ မာရက်ဇ်

play

 

ပထမဆုံး ပရီးမီးယားလိဂ်လေးပွဲမှာ မာရက်ဇ်ခြေစွမ်းမပြနိုင်လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပေမဲ့ အခုတော့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်မှာ နှစ်ဂိုးသွင်းပြီး အရင်နှစ်က မာရက်ဇ်လို ပြန်ဖြစ်လာခဲ့ပါပြီ။

၃။ အချိန်ပေးရဦးမယ့် ဆလီမာနီ

play

 

စပို့တင်းလစ္စဘွန်းမှာ ခြေစွမ်းပြခဲ့တဲ့ ဒီကစားသမားကို လက်စတာက အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ၂၉ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ သူ့ရဲ့ပထမဆုံး ဖြစ်ခဲ့တဲ့ ဒီပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဆလီမာနီကို အချိန်ပေးရဦးမှာပါ။

၎။ ရေနီယာရီရဲ့ အတွေ့အကြုံ

play

 

လက်စတာ ကစားသမားတွေမှာ ချန်ပီယံလိဂ် အတွေ့အကြုံမရှိကြပါဘူး။ ဒါပေမဲ့ နည်းပြ ရေနီယာရီကတော့ ဥရောပပြိုင်ပွဲတွေကြားထဲမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့သူဖြစ်ပြီး အတွေ့အကြုံရင်နေ့သူဆိုတာ ဒီပထမဆုံးပွဲက သက်သေပြလိုက်ပါတယ်။

၅။ ပိုခက်ခဲလာမည့် နောက်ပွဲစဉ်များ

play

 

လက်စတာ အသင်းကျရောက်နေတဲ့ ချန်ပီယံလိဂ် အုပ်စုထဲမှ ကလပ်ဘရက် ခြေစွမ်းက သာမန်လောက်ပဲ ရှိသေးတယ်လို့ ဆိုရမှာပါ။ တစ်ဖက်မှာ ပေါ်တိုနဲ့ ကိုပင်ဟေဂင်က တစ်ဖက်တစ်ဂိုးစီ သရေကျထားပါတယ်။ လာမယ့်ပွဲတွေဖြစ်တဲ့ ပေါ်တိုနဲ့ ကိုပင်ဟေဂင်ပွဲတွေဟာ လက်စတာအတွက် ပိုခက်ခဲမှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ