International: ကစားသမားများ အားလုံးကို လူစားလဲပစ်ချင်ခဲ့ဟု စပါးနည်းပြ ပိုချက်တီနို ပေါက်ကွဲ

မိုနာကိုအသင်းကို ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီး နည်းပြပိုချက်တီနိုက ပေါက်ကွဲခဲ့ပါတယ်။

play

 

မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် အသင်းကစားသမားအားလုံးကို နည်းပြပိုချက်တီနိုက ဝေဖန်အပြစ်တင်လိုက်ပါတယ်။ အသင်းကစားသမားတွေဟာ နိုင်ပွဲရလိုစိတ် ဒီပွဲမှာ ကင်းမဲ့နေခဲ့ကြတယ်လို့လည်း ပိုချက်တီနိုက ပြောပါတယ်။

play

 

ဖြစ်နိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေအားလုံးကို ကွင်းထဲကထုတ်ပစ်ပြီး လူစားလဲပစ်ချင်စိတ်တောင် ဖြစ်ခဲ့မိကြောင်း ပိုချက်တီနိုက ပြောပါတယ်။ ဒါပေမဲ့ စပါးအသင်းရဲ့ အိမ်ကွင်းအဖြစ် ယာယီအသုံးပြုနေတဲ့ ဝင်ဘာလေကွင်းမှာ အသားမကျတာကြောင့် ရလဒ်မကောင်းဘူးဆိုတာကိုတော့ ပိုချက်တီနိုက ငြင်းဆန်ခဲ့ပါတယ်။ ရှုံးပွဲတွေ့ရတာဟာ  စပါးအသင်း ကစားသမားတွေရဲ့ အလုပ်မကြိုးစားမှုကြောင့် ဖြစ်တယ်လို့ နည်းပြက အပြစ်တင်ပါတယ်။

play

 

ယာယီအိမ်ကွင်း ဝင်ဘာလေမှာ စပါးက မိုနာကိုအသင်းကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်တို့ ဒီထက်ပို အလုပ်ကြိုးစားဖို့ လိုနေပါပြီ။ နိုင်ပွဲရလိုစိတ်လည်း ရှိဖို့လိုတယ်" လို့ ဆိုပါတယ်။ ရလဒ်ဟာ လက်ခံဖို့ ခက်ခဲကြောင်းလည်း ပွဲအပြီးမှာ ပိုချက်တီနိုက ဒေါသတကြီး ပြောခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ