International: အရေးပါသည့် ဂိုးကို အသင်းဟောင်းဘက်သို့ သွင်းနိုင်ခဲ့သော်လည်း ရော်နယ်ဒို အောင်ပွဲမခံ

ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ ဂိုးကို ပွဲပြီးခါနီးမှာ ရော်နယ်ဒို သွင်းနိုင်ခဲ့တာပါ။

play

 

ချန်ပီယံလိဂ် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုက အသင်းဟောင်း စပို့တင်းလစ္စဘွန်းဘက်ကို အရေးပါတဲ့ ချေပဂိုး သွင်းနိုင်ခဲ့ပေမဲ့ အောင်ပွဲမခံခဲ့ကြောင်း သိရပါတယ်။

play

 

စပို့တင်းလစ္စဘွန်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အုပ်စုပွဲစဉ်မှာ စပို့တင်းဘက်က ၄၇ မိနစ်သွင်းဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကို အရင်ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုက ပွဲချိန် ၈၉ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပြီး နာကျင်အချိန်ပိုမှာ မိုရာတာက အနိုင်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ကျဂိုးတွေနဲ့ အသင်းဟောင်း စပို့တင်းကို ရီးရဲလ်မက်ဒရစ်အနိုင်ရပြီးတဲ့နောက် အသင်းဟောင်းအတွက် စိတ်မကောင်းဖြစ်ကြောင်း ရော်နယ်ဒိုက အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

play

 

ရီးရဲလ်မက်ဒရစ်ရဲ့ ရလဒ်ကို အလှည့်အပြောင်းဖြစ်စေမယ့် ချေပဂိုးကို အလွတ်တည်ကန်ဘောကတဆင့် ရော်နယ်ဒို သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဘက်ကို ချန်ပီယံလိဂ်မှာ ဂိုးသွင်းခဲ့တုန်းကလည်း ရော်နယ်ဒိုက အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ