International: ကမ္ဘာ့လုပ်ခလစာအများဆုံး ဖြစ်လာမည့် အခွင့်အရေးကို ဘာစီလိုနာကစားသမားနေမာ ငြင်းပယ်ခဲ့

, updated

မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး လစာအများဆုံးရမယ့် အခွင့်အရေးကို နေမာငြင်းပယ်ခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းရွှေ့မှာ ပီအက်စ်ဂျီအသင်းဘက်က ပေါင် ၄၂ သန်းတန် စာချုပ်အပြင် အခြားမက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘာစီလိုနာ ကစားသမား နေမာက ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

play

 

ဘာစီလိုနာကြယ်ပွင့်နေမာကို ၄၂ သန်းတန် စာချုပ်အပါဝင် နေမာနာမည်နဲ့ ဟိုတယ်တစ်လုံး တည်ဆောက်ပေးမယ့် အစီအစဉ်ထည့်သွင်းကမ်းလှမ်းခဲ့တာပါ။ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌအပါအဝင် နေမာနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ဟာ စပိန်နိုင်ငံ အစ်ဘီဇာ ကမ်းခြေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မာကာသတင်းစာက ဖော်ပြပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုထဲမှာ ဟိုတယ်ဆောက်ပေးမယ့် အစီအစဉ်တင်မကဘဲ ဘရာဇီးနဲ့ ပြင်သစ်ကို အသွားအပြန်လုပ်နိုင်မယ့် ကိုယ်ပိုင်လေယာဉ်တစ်စင်းကိုလည်း ထားပေးထားဖို့ ပါရှိခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် နေမာဟာ ကမ္ဘာမှာ လစာအများဆုံး ရတဲ့ ဘောလုံးသမား ဖြစ်လာမှာပါ။ နေမာရော နေမာရဲ့ ဖခင်ဖြစ်သူကပါ ဘာစီလိုနာအသင်းမှာ နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ