International: ယူရိုပါလိဂ် ပွဲဦးထွက် အဝေးကွင်းမှာ ရှုံးပွဲတွေ့သွားတဲ့ မန်ယူ

မော်ရင်ဟိုလက်ထက် နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

play

 

ယူရိုပါလိဂ် ပွဲဦးထွက် အဝေးကွင်းသွားရောက်ရင်ဆိုင်ရတဲ့ မန်ယူအသင်းမှာ အသင်းခေါင်းဆောင်ရွန်နေး ပါဝင်မလာခဲ့ဘဲ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ပေါ့ဂ်ဘာတို့ကို ထားပြီး ကစားစေခဲ့ပါတယ်။

play

 

မိနစ် ၂၀ မှာ ဖီယင်နော့အသင်း ဦးဆောင်ဂိုးရဖို့ အခွင့်အရေး မန်ယူနောက်ခံကစားသမား ရိုဟိုကြောင့် ပျက်ခဲ့ရသလို ၂၅  မိနစ်မှာလည်း မန်ယူဘက်က မာရှယ်နဲ့ ရက်ရှ်ဖို့ဒ် တိုက်စစ်အတွဲ အခွင့်အရေးတစ်ကြိမ် ရခဲ့ပါသေးတယ်။

ဖီယင်နော့ဟာ မန်ယူအသင်းနဲ့ အရင်က နှစ်ကြိမ်တွေ့ခဲ့ဖူးပြီး နှစ်ကြိမ်လုံး ရှုံးထားတဲ့ အသင်းဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ကလပ်အသင်းတွေနဲ့ ဖီယင်နုက နောက်ဆုံး ၇ ကြိမ်တွေ့ရာမှာ တစ်ကြိမ်ပဲ နိုင်ပြီး ငါးကြိမ်ရှုံး တစ်ကြိမ်သရေကျထားတာဖြစ်ပါတယ်။

play

 

ဒီပွဲပထမပိုင်းမှာတော့ ဖီယင်နော့က မန်ယူအသင်းကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ကစားပုံဟာ ပထမပိုင်းမှာ သာမန်ပဲ ရှိခဲ့လို့ အခွင့်အရေး သိပ်မရခဲ့ပါဘူး။ ဒုတိယပိုင်း ၆၃ မိနစ်မှာ မန်ယူအသင်းက သုံးယောက်တစ်ပြိုင်တည်း လူစားလဲခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ မာတာတို့ နေရာမှာ အက်ရှ်လေယန်း၊ ဒီပေးနဲ့ အီဗရာဟီမိုဗစ်ခ်ျတို့ ဝင်လာခဲ့ပါတယ်။

play

 

၇၉ မိနစ်မှာ အိမ်ရှင် ဖီယင်နော့အဖွင့်ဂိုး ရသွားပြီး ဂျောဂန်ဆန် ထိုးဖောက်ဖန်တီးပေးမှုကတစ်ဆင့် ဗီလ်ဟေနာက သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play
play

 

 အဲဒီနောက် မန်ယူအသင်း ပွဲပြီးတဲ့အထိ ဆက်တိုက်ဖိအားပေး ကစားခဲ့ပေမဲ့ ဖီယင်နော့ အမှားအယွင်း ကင်းခဲ့တာကြောင့် အိမ်ရှင်အသင်း နိုင်ပွဲရခဲ့ပါတယ်။

Source : Mirror/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ