International: နိုင်ငံလက်ရွေးစင်အဖြစ်က အနားယူမယ်လို့ ယာယာတိုရေးကြေညာ

, updated

အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်တိုင်ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်း ကစားသမား ယာယာတိုရေးက နိုင်ငံလက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံသား တိုရေးဟာ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်တိုင်ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

play

 

ယာယာတိုရေးဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ အိုင်ဗရီကို့စ်အသင်းအတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သုံးကြိမ်အပါဝင် ပွဲပေါင်း ၁၁၃ ပွဲ ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကို ကျောခိုင်းဖို့ ဆုံးဖြတ်ချက်ချရတာ ခက်ခဲခဲ့တယ်လို့ တိုရေးက ပြောပါတယ်။

play

 

တိုရေးဟာ နိုင်ငံ့လက်ရွေးစင်အဖြစ် ၂၀၀၄ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၁၄ နှစ်အကြာမှာ  အနားယူလိုက်တာလည်းဖြစ်ပါတယ်။

Source : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ