International: ဦးစားပေး မခံရသဖြင့် ရီးရဲလ်မက်ဒရစ်ကို ဂါရက်ဘေးလ် စွန့်ခွာတော့မည်ဟု ဆို

, updated

ရီးရဲလ်မက်ဒရစ်ဘက်က ရော်နယ်ဒိုတစ်ဦးတည်းအပေါ် အထူးအခွင့်အရေး ပေးထားတဲ့အပေါ်လည်း ဂါရက်ဘေးလ်က စိတ်ပျက်လျက်ရှိပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းအပြင် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ပါ အဆင်မပြေဖြစ်တဲ့နေတဲ့ ကစားသမား ဂါရက်ဘေးလ်က အသင်းကိုစွန့်ခွာဖို့ စဉ်းစားနေပြီဖြစ်ကြောင်း စပိပန်သတင်းတစ်ရပ်က ဖော်ပြပါတယ်။

play

 

ဂါရက်ဘေးလ်ကို အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပေးထားတဲ့ ကတိတွေအတိုင်း အသင်းမှာ ဦးစားပေးကစားသမား တစ်ဦးအဖြစ် မလုပ်ပေးတဲ့အပေး ကစားသမားဘက်က စိတ်ပျက်နေတာလို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒို တစ်ဦးတည်းကိုသာ အထူးအခွင့်အရေးပေးနေတဲ့အပေါ်ကိုလည်း ဂါရက်ဘေးလ်က စိတ်ပျက်လျက်ရှိတယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ ကြားရက်အတွင်း ဗီလာရီးရဲလ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရတဲ့အတွက်လည်း ဂါရက်ဘေးလ်ရဲ့ စိတ်ပျက်မှုကို ပိုပြင်းထန်လာတာလို့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။ ဂါရက်ဘေးလ်ကို မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ သတင်းထွက်ခဲ့ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ