International: လူစားလဲခံရသဖြင့် စိတ်ပျက်နေသည့် ရော်နယ်ဒိုကို မိခင်ဖြစ်သူ အားပေး

KK

play

 

ရီးရဲလ်မက်ဒရစ်နဲ့ ပါးလ်မက်စ်အသင်းတို့ရဲ့ပွဲစဉ်မှာ လူစားလဲခံလိုက်ရလို့ စိတ်ပျက်နေတဲ့ ရော်နယ်ဒိုကို မိခင်ဖြစ်သူက တွစ်တာကတစ်ဆင့် အားပေးစကား ပြောကြားလိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့စနေနေ့က ပွဲစဉ်မှာ ပွဲချိန် ၇၂ မိနစ်အရောက် ရော်နယ်ဒိုကို နည်းပြဇီဒန်းက လူစားလဲလိုက်တာဖြစ်ပါတယ်။ လူစားလဲခံရတဲ့ ရော်နယ်ဒိုဟာ ဒေါသမပေါက်ကွဲခဲ့ပေမဲ့ ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်လာခဲ့တဲ့ပုံစံကို ရုပ်သံက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အရန်ခုံမှာ မျက်နှာပျက်နေတဲ့ ရော်နယ်ဒိုရဲ့ ဓာတ်ပုံကို မိခင်ဖြစ်သူက တီဗွီကတစ်ဆင့် ပြန်လည်ရိုက်ကူးပြီး တွစ်တာမှာ ပြန်တင်ခဲ့တာဖြစ်ပါတယ်။

 

" ဘယ်တော့မှ ခေါင်းမငုံ့နဲ့ ငါ့သား" လို့အဓိပ္ပာယ်ရတဲ့ စာသားကို ဓာတ်ပုံနဲ့တကွ ဝေမျှခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒိုကို လူစားလဲလိုက်တဲ့အချိန်မှာ ၂-၁ ဂိုးနဲ့ နိုင်နေခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရလို့ သရေ တစ်မှတ်သာ ရခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ