International: ရမ်းကားသည့် ပီအက်စ်ဂျီကစားသမားကို ထောင်နှစ်လ ကျခံစေရန် တရားရုံးအမိန့်ချ

, updated

နိုက်ကလပ်မှာ ရဲအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ ဖြစ်ပါတယ်။

play

 

ရဲအရာရှိကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့ ပီအက်စ်ဂျီဘောလုံးသမား ဆာ့ဂ်ျအော်ရီယာကို ထောင်ဒဏ်နှစ်လ ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

play

 

ဒါပေမဲ့ ပြစ်ဒဏ်ချခံရတဲ့ ကစားသမားဘက်က  အယူခံဝင်ဖို့ကိုတော့ ကြိုးပမ်းခွင့်ရှိသေးတယ်လို့ သိရပါတယ်။ နိုက်ကလပ်က ထွက်လာတဲ့ ဘောလုံးသမား အော်ရီရာဟာ ရဲအရာရှိတစ်ဦးကို တံတောင်စွမ်းပြခဲ့တာဖြစ်ပါတယ်။ ကစားသမားဘက်က အယူခံဝင်ခွင့်ရှိသေးသလို လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် လူဒိုဂိုရက်အသင်းနဲ့ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း ပါခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အော်ရီယာမှာ အပြစ်မရှိတဲ့အတွက် ပြစ်ဒဏ်ကလွတ်မြောက်သင့်ကြောင်းနဲ့ အယူခံဝင်သွားဦးမယ်ဆိုတာကို ကစားသမားရဲ့ ရှေ့နေက ပြောခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီနောက်ခံကစားသမား အော်ရီယာကို ထောင်ဒဏ်နှစ်လ ပြစ်ဒဏ်အပြင် ၅၂၁ ပေါင်နဲ့ ညီမျှတဲ့ငွေကြေးပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ အော်ရီယာဘက်က စုစုပေါင်း တရားရုံးစရိတ်ကိုပါ ပေးရမှာဖြစ်တဲ့အတွက် ပေါင် ၁၃၀၀ လောက်ကုန်ကျဦးမှာပါ။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ