International: ဒေါ့မွန်ကို ရီးရဲလ်မက်ဒရစ် အနိုင်ရသင့်တဲ့ အကြောင်းပြချက် (၅) ခု

, updated

လာလီဂါမှာ ရလဒ်ဆိုးနေတဲ့ ရီးရဲလ်မက်ဒရစ် ဒီပွဲအနိုင်ရဖို့ ကြိုးစားရမှာပါ။

play

 

ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်တွေ ရောက်လာပြီဖြစ်တဲ့အတွက် ဒီပွဲကစလို့ နောက်ပွဲစဉ်တိုင်းဟာ ပိုပြီးအရေးပါလာပါပြီ။ ဒီည ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ရီးရဲလ်မက်ဒရစ် အနိုင်ရသင့်တဲ့အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ ရလဒ်ဆိုးနေခြင်း

play

 

လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်က နှစ်ပွဲဆက်တိုက် သရေကျထားပါတယ်။ ဗီလာရီးရဲလ်နဲ့ ပါးမက်စ်အသင်းတို့ကိုပါ။ ဒါကြောင့် သုံးပွဲမြောက်မှာတော့ ပြန်ပြီးအနိုင်ရသင့်ပြီလို့ ယူဆနိုင်ပါတယ်။

၂။ မပေါ့ဆဖို့ သတိပေးထားတဲ့ စပို့တင်း

ချန်ပီယံလိဂ် ပထမပွဲစဉ်မှာ စပို့တင်းအသင်းနဲ့ ကစားရတုန်းက ရီးရဲလ်မက်ဒရစ် ရှုံးမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ပွဲပြီးခါနီး သွင်းတဲ့ ဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာပါ။ အဲဒီသင်ခန်းစာက ဒီပွဲမှာ ပေါ့ပေါ့ဆဆ မကစားမိအောင် သတိပေးနေမယ်လို့ ဆိုနိုင်ပါတယ်။

၃။ ရော်နယ်/ဂါရက်ဘေးလ်

play

 

ဒီရာသီမှာ ဘန်ဇီမား ဂိုးသွင်းမပျက်ပေမဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်ကတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေအတွင်း ဂိုးသွင်းဖို့ ပျက်ကွက်နေပါတယ်။ ဂိုးမသွင်းတာကြာပြီဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ်လည်း ဒီပွဲမှာ ဂိုးပေါက်ပြန်တွေ့မယ်လို့ ယူဆနိုင်ပါတယ်။

၎။ ဖိအားများနေတဲ့ ကီကို

ရီးရဲလ်မက်ဒရစ်ဂိုးသမား ကီကိုကာဆီးလက်စ်ဟာ နှစ်ပွဲအတွင်း သုံးဂိုးပေးထားရလို့ ဖိအားများနေတာ။ နာဗက်စ်လည်းပွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ကီကိုဒီပွဲမှာတော့ ဂိုမပေးရအောင် ဂရုစိုက်ကစားမယ်လို့ ယူဆရပါတယ်။

၅။ ပေပေ

play

 

ပြီးခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ပေပေ ဒီပွဲ ပြန်ပါလာမှာ ဖြစ်ပါတယ်။ ပေပေပါလာရင် ရီးရဲလ်မက်ဒရစ်ခံစစ်ဒီထက်ပိုပြီး လုံခြုံသွားမယ်လို့ ယူဆနိုင်ပါတယ်။

ှSource : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ