International: ပွဲစဉ်တစ်ပွဲ ကိုင်တွယ်ပြီးနောက် အင်္ဂလန်နည်းပြအဖြစ်မှ ဆမ်အလာဒိုက်စ် နုတ်ထွက်

ဆမ်အလာဒိုက်စ်ဟာ လုပ်ရပ်ဟာ မလျော်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ၎င်းရဲ့နေရာကို ဂရတ်သ် ဆောက်ဂိတ်က ယာယီတာဝန်ယူသွားမယ်လို့ အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။


အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းနည်ပြအဖြစ်မှ ဆမ်အလာဒိုက်စ် နုတ်ထွက်သွားကြောင်း သိရပါတယ်။ ဆမ်အလာဒိုက်စ်နဲ့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ ရာထူးမှ နုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။ ၎င်းဟာ အင်္ဂလန်နည်းပြအဖြစ် ပွဲစဉ်တစ်ပွဲနဲ့ ၆၇ ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။


ဘောလုံးသမား အပြောင်းအရွှေ့ကိစ္စတွေမှာ ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ဖို့အတွက် အကြံပေးချက်တွေကို အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်က အခကြေးငွေရယူပြီး လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုလို နုတ်ထွက်ခဲ့တာပါ။


ဆမ်အလာဒိုက်စ်ရဲ့ လုပ်ရပ်ဟာ မလျော်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ၎င်းရဲ့နေရာကို ဂရတ်သ်ဆောက်ဂိတ်က ယာယီတာဝန်ယူသွားမယ်လို့ အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။


ဆမ်အလာဒိုက်စ်က အမှားလုပ်ခဲ့မိကြောင်း လက်ခံပြီး တောင်ပန်းခဲ့တယ်လို့လည်း အက်ဖ်အေက ပြောပါတယ်။ ၎င်းဟာ အင်္ဂလန်နည်းပြများအနက် သက်တမ်းအတိုဆုံးနဲ့ ပွဲအနည်းဆုံး ကိုင်တွယ်ခဲ့တဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ