International: ပရီးမီးယားလိဂ်အသင်းတွေ ရလဒ်ကောင်းတဲ့ ချန်ပီယံလိဂ်ပွဲစဉ်များမှ လေ့လာစရာ အချက် (၅) ချက်

ရီးရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ ဒေါ့မွန်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမနီမြေမှာ နှစ်ကြိမ်တိုင်တိုင် ဒေါ့မွန်အသင်းကို ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ အိမ်ရှင်အသင်းရဲ့ ချေပဂိုးတွေကို ခွင့်ပြုခဲ့ရလို့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လက်စတာက ပေါ်တိုကိုအနိုင်ယူကာ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ဆက်နေလို့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ စပါးကလည်း အဝေးကွင်းမှာ နိုင်ပွဲရခဲ့ပြန်ပါတယ်။

ဒီပွဲစဉ်တွေကနေ လေ့လာစရာ အချက် ၅ ချက်ရှိပါတယ်။

၁။ ဝေဖန်မှုတွေကို ကြာကြာလက်မခံတဲ့ ရော်နယ်ဒို

play

 

ရာသီပြန်စတဲ့အချိန်မှာ ရော်နယ်ဒိုတစ်ယောက် ပြောရလောက်တဲ့ ခြေစွမ်းမပြနိုင်သေးဘူးလို့ ဝေဖန်ထားကြပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးလည်းမသွင်းနိုင်ခဲ့ပါဘူး။ အခုတော့ ဒေါ့မွန်နဲ့ပွဲမှာ ဝေဖန်မှုတွေအသံတိတ်သွားအောင် သက်သေပြနိုင်ခဲ့ပါတယ်။

၂။ ချန်ပီယံခြေစွမ်းမပြနိုင်သေးတဲ့ ဒေါ့မွန်

play

 

ဒေါ့မွန်အသင်းရဲ့ ခြေစွမ်းဟာ ပြိုင်ဘက်တွေ ကစားရခက်လောက်အောင် ကောင်းမွန်တယ်ဆိုတာ ဒီပွဲက သက်သေပဲ ဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲမှာ လီဂျီယာဝါဆောနဲ့ ဒမ်းစတာ့ဒ်အသင်းတွေကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ နောက်တန်းအားနည်းနေမှုနဲ့ ပွဲအဖြေ ချက်ခြင်းပြောင်းနိုင်တဲ့ ကစားသမားမျိုး မရှိတာက ချန်ပီယံဖြစ်ဖို့ ခက်ခဲစေတဲ့ အချက်ဖြစ်ပါတယ်။

၃။ ပေါ်တိုကို ဂိုးသွင်းရတာ ကြိုက်တဲ့ စလာမီနီ

play

 

လက်စတာ တိုက်စစ်မှူးသစ် စလာမီနီဟာ ဒီပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းခဲ့တာပါ။ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ လက်စတာကို ရောက်လာတဲ့ စလာမီနီဟာ ပေါ်တိုနဲ့ နောက်ဆုံး သုံးကြိမ်ရင်ဆိုင်ခဲ့ရာမှာ ငါးဂိုးအထိသွင်းနိုင်ခဲ့သူ ဖြစ်လာပါတယ်။

၎။ ဥရောပပြိုင်ပွဲနဲ့ အသားကျဖို့ လိုသေးတဲ့ လက်စတာ

play

 

လက်စတာဟာ နှစ်ပွဲကစားပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ် အုပ်စုကို ဦးဆောင်နေတာပါ။  လက်စတာအသင်းဟာ ချန်ပီယံလိဂ်ကို ဒီနှစ် ပစ်မှတ်ထားတယ်ဆိုတာ သိသာပေမဲ့ အသားမကျသေးပါဘူး။ ပေါ်တိုနဲ့ပွဲမှာ လက်စတာအမှားများစွာ လုပ်ခဲ့မိပြီး ဗာဒီနဲ့ စလာမီနီတို့လို တိုက်စစ်မှူးတွေတောင် အဝါကတ် ထိခဲ့ပါတယ်။

၅။ ဟယ်ရီကိန်းကို မေ့သွားစေတဲ့ ဆွမ်ဟောင်မင်

play

 

ပရီးမီးယားလိဂ်မှာလည်း စပါးအသင်းအတွက် အရေးပါတဲ့ဂိုးတွေကို ဆွမ်ဟောင်မင် သွင်းခဲ့တာပါ။ စီအက်စ်ကေအေနဲ့ ပွဲမှာလည်း အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဒဏ်ရာရနေချိန်မှာ ဆွမ်ဟောင်မင်က ကွက်လပ်မဖြစ်ရအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

Source : Goal/ Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ