International: အင်္ဂလန်နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသည့် နည်းပြ (၅) ဦး

နည်းပြဆမ်အလာနဲ့ လမ်းခွဲပြီးနောက် အင်္ဂလန်ဘောလုံးအသင်း နည်းပြဖြစ်လာဖို့ ရေပန်းစားတဲ့ နည်းပြ (၅) ဦးရှိပါတယ်။

play

 

တယ်လီဂရက်ဖ်သတင်းစာက ဖွင့်ချလိုက်တဲ့ အရှုပ်တော်ပုံကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆမ်အလာဒိုက်ဟာ ရာထူးက နုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။ လက်ရှိ ယာယီနည်းပြဆောက်ဂိတ်က တာဝန်ယူထားပေမဲ့ မကြာခင် အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ ရေပန်းစားနေတဲ့ နည်းပြ (၅) ဦးရှိပါတယ်။

၁။ ဂယ်ရီနဗီးလ်

play

 

နည်းပြဟောင်း ရွိုင်းဟော့ဆန်နဲ့အတူ လက်ထောက်နည်းပြလုပ်ဖူးသလို ဗလန်စီယာအသင်းကိုလည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပါသေးတယ်။

၂။ ဆောက်ဂိတ်

play

 

လက်ရှိ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ မန်နေဂျာဖြစ်ပြီး အင်္ဂလန်မန်နေဂျာရာထူး ဆက်ခံဖို့ ရေပန်းအစားဆုံးနည်းပြဖြစ်ပါတယ်။

၃။ အလန်ပါဂျူး

play

 

လက်ရိမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အောင်မြင်၊ အဆင်ပြေတဲ့ အခြေအနေရှိပေမဲ့ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ အက်ဖ်အေဘက်က လိုလားနေသူလို့ သိရပါတယ်။

၎။ စတိဗ်ဘရုစ်

play

 

ဟားလ်စီးတီးနဲ့ လမ်းခွဲပြီးနောက် နည်းပြစတိဗ်ဘရုစ်ဟာ အသင်းလက်မဲ့ဖြစ်နေသူပါ။ အက်ဖ်အေက ခေါ်ယူဖို့ ဆန္ဒရှိမယ်ဆိုရင် နက်ဖန်၊ သန်ဘက်ခါတောင် အင်္ဂလန်နည်းပြ ဖြစ်လာနိုင်ပါတယ်။

၅။ အက်ဒီဟောင်း

play

 

ဘုန်းမော်အသင်းကို အောင်မြင်လာအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြဖြစ်ပါတယ်။ အသက် ၃၈ နှစ်သာရှိသေးပေမဲ့ ဆမ်အလာဒိုက် အင်္ဂလန်နည်းပြမဖြစ်ခင်ကတည်းက လက်ရွေးစင်နည်းပြဖြစ်ဖို့ ရေပန်းစားခဲ့သူပါ။ အခုလည်း အင်္ဂလန်နည်းပြ ဖြစ်လာဖို့ ရေပန်းစားလာပြန်ပါပြီ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ