International: လေ့ကျင့်ရေးကွင်းမှာ ဒေါသအကြီးအကျယ် ပေါက်ကွဲနေတဲ့ ရော်နယ်ဒို

အသင်းဖော်တွေကို ရော်န်ဒို ဒေါသထွက်နေပုံ ရပါတယ်။

play

 

ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အသင်းနဲ့လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒေါသပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

play

 

အသင်းကစားသမားတွေနဲ့အတူ ဘောလုံးပေးပို့မှုသွက်လက်အောင် လေ့ကျင့်ခန်းမှာ ဘောလုံးရှိနေတဲ့ ဂါရက်ဘေးလ်ထံ  ရော်နယ်ဒို ဒေါသတကြီး ခြေစုံပစ်ဝင်ခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဂါရက်ဘေးလ်က အလျှင်အမြန် ရှောင်တိမ်းလိုက်လို့ ဘောလုံးမရလိုက်တဲ့ ရော်နယ်ဒိုဟာ ချက်ချင်းဆိုသလို နောက်တစ်ခါ ခြေစုံပစ်ဝင်ပြီးဘောလုံးကို ယူလိုက်တာတွေ့ရပါတယ်။

play

 

သာမန်လေ့ကျင့်ရေးဆိုပေမဲ့ ရော်နယ်ဒို ဒေါသထွက်နေတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဒါတင်မဟုတ်ပါဘူး။ နောက်တစ်ခါ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ထိပြီး ရော်နယ်ဒိုရဲ့ လက်ကို လာထိတဲ့ ဘောလုံးဟာ ဝိုင်းအပြင်ထွက်သွားခဲ့ပါတယ်။ အဲဒီဘောလုံးကို ရော်နယ်ဒိုက ဒေါသတကြီး အားကုန်ကန်လိုက်တာ တွေ့ရပြန်ပါတယ်။

ဘာကြောင့် ဒီလောက်ဒေါသထွက်နေမှန်း မသိရပေမဲ့ ရော်နယ်ဒိုဟာ အတော်ကိုစိတ်ပျက်လက်ပျက်နဲ့ ဒေါသထွက်နေခဲ့တာတော့ ဗီဒီယိုဖိုင်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ