International: အသင်းကြီးအချို့ အထိနာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များမှ လေ့လာစရာ အချက် (၅) ချက်

ဂွါဒီယိုလာရဲ့ မန်စီးတီးက ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့ပြီး ဘိုင်ယန်မြူးနစ်လည်း အသလက်တီကိုထံမှာ အရှုံးပေးခဲ့ရပါတယ်။

play

 

ချန်ပီလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်တွေအားလုံး ပြီးဆုံးခဲ့ပြန်ပါပြီ။ အုပ်စုဒုတိယပွဲစဉ်တွေရဲ့ ဒုတိယနေ့မှာ အထူးခြားဆုံးကတော့ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးက ရာနှုန်းပြည့်နိုင်ပွဲစံချိန်ရပ်တန့်သွားတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အန်ဆလော့တီရဲ့ ပြည့်စုံကောင်မွန်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ အသက်လက်တီကိုအသင်းကို အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

၁။ ရာနှုန်းပြည့်စံချိန်ပျက်သွားတဲ့ ဂွါဒီယိုလာ

play

 

မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ပွဲတွေအားလုံးမှာ ရာနှုန်းပြည့်နိုင်ပွဲတွေရထားတဲ့ မန်စီးတီးအသင်းဟာ ပထမဆုံး သရေပွဲကို တွေ့ကြုံခံစားလိုက်ရပြီဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းရဲ့ ဦးဆောင်ဂိုးကို မန်စီးတီးအသင်းက သုံးကြိမ်တိုင်တိုင် ခံစားခဲ့ရပေမဲ့ ချေပဂိုးကို သုံးခါတိတိ ပြန်သွင်းနိုင်ခဲ့တဲ့အတွက် သရေရလဒ်နဲ့သာ ပြီးဆုံးသွားပါတယ်။ နိုင်ပွဲစံချိန်ပျက်ခဲ့ပေမဲ့ သရေရလဒ်ကိုတော့ မန်စီးတီး ကြိုးစားယူနိုင်ခဲ့ပါတယ်။

၂။ အကောင်းဆုံး ပုံစံ ပြန်ရသွားတဲ့ ဝဲလ်ကော့

play

 

ဝဲလ်ကော့ရဲ့ ခြေစွမ်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံပြန်ရနေပြီိဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာစင်ဝင်းဂါးရဲ့ စိတ်ရှည်မှု အသီးအပွင့်ကို ဒီရာသီမှာ ခံစားနေရပါပြီ။ အခုလည်း ဘေဆယ်ကို နှစ်ဂိုးသွင်းခဲ့သူက ဝဲလ်ကော့ဖြစ်ပါတယ်။

၃။ အန်ဆလော့တီရဲ့ ပထမဆုံး ရှုံးပွဲ

play

 

ဒီရာသီမှာ ဘိုင်ယန်နည်းပြသစ်ဖြစ်လာတဲ့ အန်ဆလော့တီဟာ အသလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံး ရှုံးပွဲကို တွေ့သွားခဲ့ရပါတယ်။ အသလက်တီကိုရဲ့ ဗင်းဆင့်ကယ်လ်ဒါရွန်ကွင်းမှာ အသင်းလိုက်ကစားအားကောင်းတဲ့ အသလက်တီကိုအသင်းကို ဘိုင်ယန်မြူးနစ် ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ပါဘူး။

၎။ မန်စီးတီးရဲ့ အကြီးမားဆုံး လိုအပ်ချက်

play

 

အစစအရာရာ ပြည့်စုံတဲ့ မန်စီးတီးအသင်းမှာ ဘာလိုအပ်ချက်ရှိလဲလို့ မေးစရာရှိပါလိမ့်မယ်။ ဆဲလ်တစ်နဲ့သရေကျတဲ့ပွဲအပြီးမှာ မန်စီးတီးနည်းပြဂွါဒီယိုလာက ဒါကိုထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ အဲဒါကတော့ ပရိသတ်အားပေးမှုပါ။ ဆဲလ်တစ်အသင်းကွင်းမှာ ဆဲလ်တစ်ပရိသတ်တွေ အင်တိုက်အားတိုက် အားပေးခဲ့ကြသလိုမျိုး မန်စီးတီးပရိသတ်တွေလည်း အယ်တီဟတ်ကွင်းမှာ အားပေးကြစေချင်တယ်လို့ ဂွါဒီယိုလာက တိုက်တွန်းလိုက်တာပါ။ ပရိသတ်အားပေးမှုဟာ မန်စီးတီးလိုအပ်နေတဲ့ အကြီးမားဆုံး အရာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ