International: အင်္ဂလန်အသင်းက ခေါ်ယူချင်သည့်အတွက် ဝမ်းသာသော်လည်း အာဆင်နယ်ကိုသာ ဦးစားပေးမည်ဟု အာစင်ဝင်းဂါး ပြော

နည်းပြအာစင်ဝင်းဂါးကို အင်္ဂလန်နည်းပြအဖြစ် အက်ဖ်အေက ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်နေတာပါ။

play

 

အင်္ဂလန်အသင်း နည်းပြသစ်ဖြစ်လာနိုင်ချေရှိတဲ့စာရင်းထဲမှာ ပါဝင်နေလို့ ကြည်နူးမိတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

play

ရာထူးနဲ့အာဏာကို အလွဲသုံးစားပြုလုပ်ပြီးငွေကြေးရယူကာ ကစားသမားအပြောင်းအရွှေ့တွေ ကူညီပေးခဲ့တဲ့ အင်္ဂလန်နည်းပြဆမ်အလာဒိုက်စ်ဟာ ပြီးခဲ့တဲ့ တစ်ရက်က ရာထူးက နုတ်ထွက်သွားလို့ အင်္ဂလန်ဘောလုံးအသင်းနည်းပြရာထူး လစ်လပ်လျက်ရှိပါတယ်။ လက်ရှိမှာ ယူ-၂၁ နည်းပြ ဆောက်ဂိတ်က တာဝန်ယူထားပေမဲ့ အနာဂတ်အင်္ဂလန်အသင်းနည်းပြအဖြစ် အာစင်ဝင်းဂါး၊ ကလင်းစမန်း၊ ဂယ်ရီနဗီးလ်တို့ ရေပန်းစားနေတာဖြစ်ပါတယ်။

play

 

ဒါပေမဲ့လည်း မိမိရဲ့ ဦးစားပေးဟာ အာဆင်နယ်အသင်းတစ်သင်းတည်းသာ ရှိတယ်လို့ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ " ဒီသတင်းအတွက် ကျွန်တော်ဂုဏ်ယူကြည်နူးမိပါတယ်။ ဒါပေမဲ့ ကျွန်တော်အမြဲတမ်း ဦးစားပေးရမှာ အာဆင်နယ်အသင်းတစ်သင်းတည်းသာ ရှိပါတယ်။ ရာသီကုန်အထိ ကျွန်တော် ဒီမှာရှိမှာပါ။ ဒီတော့ အသင်းအတွက်ပဲ အာရုံစိုက်ထားပါမယ်" လို့ အာစင်ဝင်းဂါးက ပြောကြားပါတယ်။

play

 

အာစင်ဝင်းဂါးရဲ့ လက်ရှိစာချုပ်က ရာသီကုန်အထိပဲ ချုပ်ဆိုထားလို့ စာချုပ်သက်တမ်းကုန်ရင် ဘာလုပ်မှာလဲ ဆိုတဲ့မေးခွန်းကိုတော့ ဒီရာသီဘာလုပ်ပြနိုင်လဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ အာစင်ဝင်းဂါးက သတင်းထောက်တွေကို ပြန်ပြောခဲ့ပါတယ်။

Source : Dailly Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ