International: ပရိသတ်များ ရွေးချယ်သည့် ဘာစီလိုနာ အကောင်းဆုံးကစားသမားက မက်ဆီမဟုတ်တော့

၂၀၁၆ ခုနှစ်အတွက် ဘာစီလိုနာ အကောင်းဆုံး ကစားသမားဟာ မက်ဆီမဟုတ်ဘူးလို့ ပရိသတ်တွေက မဲပေးထားကြပါတယ။်

 

၂၀၁၇ ဇန်နဝါရီလမှာ ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာအသင်းတိုက်စစ်မှူး သုံးဦးထဲက တစ်ဦးဦးသာ ရခဲ့မယ်ဆိုရင် ဘယ်သူရသင့်လဲလို့ ပရိသတ်တွေကို စစ်တမ်းကောက်ရာမှာ ထူးခြားတဲ့အဖြေတစ်ခု ထွက်လာပါတယ်။

 

ဘလွန်းဒီအော်ဆုကို ဘာစီလိုနာအသင်းကစားသမား တစ်ဦးဦး ရခဲ့မယ်ဆိုရင် ဘယ်သူရသင့်သလဲဆိုတဲ့ စစ်တမ်းကို 90min.com က စစ်တမ်းကော်ယူခဲ့တာဖြစ်ပါတယ်။ ပရိသတ်အများစုရဲ့ မဲပေးရွေးချယ်မှုအရ ဒီနှစ် ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံးဘောလုံးသမားဟာ မက်ဆီနဲ့ နေမာမဟုတ်ဘဲ ဆွာရက်ဇ်ဖြစ်သင့်တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ဆွာရက်ဇ်သာ ရသင့်တယ်လို့ မဲပေးထားကြပါတယ်။

 

ပရိသတ် ၇၀ ရာခိုင်နှုန်းက ဆွာရက်ဇ်ကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရသင့်တယ်လို့ မဲပေးထားကြပြီး မက်ဆီကိုတော့ ၂၁ ရာခိုင်နှုန်းက မဲပေးထားကြပါတယ်။ နေမာကတော့ ပရိသတ်မဲပေးမှု ၉  ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ ပရိသတ် ၄၇၀၀၀ ကျော်ကို စစ်တမ်းကောက်ယူ မဲပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။

 

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ဘာစီလိုနာအသင်းအတွက် ၄၄ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ လာမယ့် ဘလွန်းဒီအော် ဆုပေးပွဲမှာ ဆွာရက်ဇ်သာ အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့မယ်ဆိုရင် ဥရုဂွေးဘောလုံးသမိုင်းမှာ ပထမဆုံးဆုရတဲ့ ကစားသမား ဖြစ်လာမှာပါ။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ