International: အနိုင်ဂိုးသွင်းပြီး အနီကတ်ပြခံခဲ့ရတဲ့ ဘာလော့တယ်လီ

ရောက်ရာအရပ်မှာ အငြင်းပွားဖွယ်လုပ်ရပ်တွေကို ဘာလော့တယ်လီက အမြဲလုပ်လေ့ရှိပါတယ်။

play

 

လောရီယန့်အသင်းကို နိစ်အသင်းက အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နိစ်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီဟာ ပွဲပြီးခါနီးမှာ ရလဒ်အလှည့်အပြောင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ အနီကတ်ပြစ်ဒဏ်ကတော့ မလွတ်မြောက်ခဲ့ပါဘူး။

play

 

နိစ်အသင်းဟာ ပြင်သစ်လီဂူးပွဲစဉ် ၈ အပြီးမှာ လော်ရီယန့်အသင်းကို ဘာလော့တယ်လီသွင်းပေးတဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်မှာ ၈၆ မိနစ်အရောက် ဘာလော့တယ်လီက အနိုင်ဂိုးသွင်းပေမဲ့ အသင်းဂျာစီချွတ်ပြီး အောင်ပွဲခံတာကြောင့် အဝါကတ်ပြသတိပေးခံရပါတယ်။ နာကျင်အချိန်ပိုမှာ လော်ရီယန့်ကစားသမား မိုရီယာနဲ့ အချင်းများတာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ကွင်းထဲကထွက်သွားရပါတယ်။

play

 

အနိုင်ဂိုးသွင်းပြီး မိနစ်ပိုင်းအတွင်း အနီကတ်ပြခံခဲ့ရပေမဲ့ ဘာလော့တယ်လီရဲ့ နိစ်အသင်းဟာ ရှုံးပွဲမရှိစံချိန်ဆက်ထိန်းပြီး ပြင်သစ်လီဂူး အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ