International: ဖီဖာ အကြီးအကဲက ကမ္ဘာ့ဖလားကို အသင်းပေါင်း ၄၈ သင်းဖြင့် ကျင်းပလို

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ ၃၂ သင်းသာ ပါဝင်ယှဉ် ပြိုင်ရတာ ဖြစ်ပါတယ်။

play

 

လေးနှစ်တစ်ကြိမ် ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်စေဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုက ဆန္ဒရှိနေကြောင်း သိရပါတယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ပုံမှန် ၃၂ သင်းသာ ပါဝင်ယှဉ်ပြိုင်ရလေ့ရှိပေမဲ့ နောက်ထပ် ၁၆ သင်းတိုးချဲ့ပါဝင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်စုအဆင့် ပြိုင်ပွဲတွေမစတင်ခင်မှာ ပထမဆုံးပွဲတစ်ပွဲစီ  အသင်းတွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ရှုံးသွားတဲ့အသင်းထဲမှာ ၁၆ သင်းဟာ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရမှာပါ။

play

 

အသင်း ၃၂ သင်းပဲ ကျန်တော့တဲ့အခါ လက်ရှိကျင်းပနေတဲ့ ပုံစံအတိုင်း အုပ်စုပွဲစဉ်တွေ ရေးဆွဲပြီး ဆက်လက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို အနာဂတ်မှာ အသင်းလေးဆယ်လောက်အထိ တိုးချဲ့နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကတိပေးပြီး အင်ဖာတီနိုက မဲဆွယ်ခဲ့ပါသေးတယ်။

ကမ္ဘာ့ဖလား အသင်းတိုးချဲ့ပြီး ပြိုင်ပွဲကျင်းပမယ့် ကိစ္စကို လာမယ့် ၂၀၁၇ မှာ အပြီးသတ် ဆွေးနွေးဆုံးဖြသတ်သွားမယ်လို့ သိရပါတယ် ။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ