International: သားဖြစ်သူရဲ့ ဘောလုံးပွဲမှာ ဘောကောက်လုပ်ပေးနေတဲ့ ရော်နယ်ဒို

ဘောလုံးကွင်းထဲမှာ စူပါစတားတစ်ယောက်ဖြစ်ပေမဲ့ သားဖြစ်သူရဲ့ ဘောလုံးပွဲမှာ တော့ ရော်နယ်ဒိုက ဘောလုံးကောက်ပေးသူ လုပ်ခဲ့ပါတယ်။

play

 

ပေါ်တူဂီဘောလုံးကြယ်ပွင့် ရော်နယ်ဒိုဟ ဘောလုံးကွင်းထဲမှာ စူပါစတား တစ်ယောက်ဖြစ်ပေမဲ့ သားဖြစ်သူနဲ့ ပတ်သက်လာရင်တော့ အခြားဖခင်တွေလိုပဲ ဆိုတာ သက်သေပြလိုက်ပါပြီ။

play

 

သူ့ရဲ့ သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုရဲ့ ကလေးဘောလုံးပွဲကို ရော်နယ်ဒိုက လိုက်လံအားပေးပြီး ကွင်းဘေးမှာ ဘောကောက်လုပ်ပေးခဲ့တ ဖြစ်ပါတယ်။ ကလေးငယ်တွေ ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးပွဲဘေးမှာ ရော်နယ်ဒိုက ကွင်းဘေးမှာ ရပ်နေပြီး ကွင်းအပြင်ထွက်လာတဲ့ ဘောလုံးတစ်ချို့ကို လိုက်လံကောက်ယူပေးခဲ့တာပါ။ ရော်နယ်ဒိုရဲ့ သားဖြစ်သူဟာ ခြောက်နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ဘောလုံးကွင်းဘေးမှာ ဘောကောက်လုပ်နေတဲ့ ရော်နယ်ဒိုအကြောင်းကို စပိန်မီဒီယာ ASTV ကဖော်ပြခဲ့တာဖြစ်ပါတယ်။

play
ဂိုးအနောက်မှာ ဘောလုံး လိုက်ကောက်ပေးနေတဲ့ ရော်နယ်ဒို

 

ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူဟာဘောလုံးကစားရတာ ကြိုက်တယ်လို့  ထင်မိပေမဲ့ ဘောလုံးသမားလုပ်ဖို့တော့ တိုက်တွန်းဖိအားပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဗီဇက ဝါသနာပါလာတာကိုပဲ သားဖြစ်သူကို ရွေးချယ်ခွင့်ပေးမယ်လို့ ရော်နယ်ဒိုက ပြောထားပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ