International: ဂွါဒီယိုလာ နှစ်ခါထက်မနည်း အရှုံးပေးခဲ့ရဖူးတဲ့ နည်းပြ (၈) ဦး

ဂွါဒီယိုလာကို အနည်းဆုံးနှစ်ကြိမ် အနိုင်ယူဖူးတဲ့ နည်းပြဟာ ကမ္ဘာပေါ်မှာ ၈ ဦးပဲရှိပါတယ်။

 

ဘာစီလိုနာ(ဘီ) အသင်းနဲ့ နည်းပြဘဝကို စတင်ခဲ့တဲ့ ပက်ဂွါဒီယိုလာဟာ အချိန်တိုအတွင်းအောင်မြင်မှုများစွာ ရခဲ့သူဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ထိပ်သီးဘောလုံးလောကမှာ ဂွါဒီယိုလာကို နှစ်ခါအနိုင်ရဖူးတဲ့ နည်းပြဟာ ခပ်ရှားရှားဖြစ်ပါတယ်။ ဂွါဒီယိုလာကိုင်တွယ်တဲ့ အသင်းကို တစ်ကြိမ်ထက်ပိုပြီးအနိုင်ရဖူးတဲ့ နည်းပြဟာ (၈) ဦးသာရှိပါတယ်။

နည်းပြ (၈) ဦးစာရင်းထဲကို နောက်ဆုံးရောက်လာတဲ့နည်းပြကတော့ စပါးနည်းပြပိုချက်တီနိုပါ။

၁။ ဂျာဂန်ကလော့

 

လက်ရှိလီဗာပူးနည်းပြဖြစ်ပြီး ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂွါဒီယိုလာ ကိုင်တွယ်ဖူးတဲ့ ဘိုင်ယန်မြူးနစ်ကိုလည်း အနိုင်ရခဲ့ဖူးပါတယ်။ စုစုပေါင်း ကလော့နဲ့ ဂွါဒီယိုလာ ၈ ကြိမ်တွေ့ရမှာ တစ်သင်းကို လေးပွဲစီ အနိုင်ရခဲ့ပါတယ်။

၂။ မော်ရင်ဟို

 

မော်ရင်ဟိုနဲ့ ဂွါဒီယိုလာကတော့ လာလီဂါမှာ ကာလကြာရှည် ပြိုင်ဘက်တွေဖြစ်ခဲ့တာပါ။ မော်ရင်ဟိုက ဂွါဒီယိုလာကို ကိုးကြိမ် ရှုံးဖူးပေမဲ့ သုံးကြိမ် ပြန်နိုင်ဖူးပါတယ်။

၃။ အာဆင်ဝင်းဂါး

 

အာစင်ဝင်းဂါးလည်း ဂွါဒီယိုလာကို နှစ်ပွဲတိတိနိုင်ဖူးပါတယ်။ ဂွါဒီယိုလာကိုင်တွယ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းလုံး ပထမဆုံး နိုင်ဖူးတဲ့နည်းပြ အာစင်ဝင်းဂါးပါ။

၎။ အန်ဆလော့တီ

 

အန်ဆလော့တီကတော့ ဂွါဒီယိုလာအပေါ် ရာနှုန်းပြည့် အသာစီးရတဲ့နည်းပြပါ။ နှစ်ခါတွေ့ဖူးရာမှာ နှစ်ခါလုံး အန်ဆလော့တီ အနိုင်ရခဲ့ပါတယ်။

၅။ ပယ်လီဂရီနီ

 

ပယ်လီဂရီနီလည်း ဂွါဒီယိုလာကို ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ အနိုင်ယူဖူးပါတယ်။ ဒါပေမဲ့ ၈ ကြိမ်ပြန်ရှုံးခဲ့ပါတယ်။

၆။ ဝိန်းဇာရယ်

 

ဝိန်းဇာရယ်ကိုတောာ့ လူသိနည်းပါတယ်။ ဂျာမန်ကလပ်အော့စ်ဘတ်အသင်းနည်းပြပါ။ ၇ ကြိမ်တွေ့ဖူးပြီး ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ကို နှစ်ကြိမ် အနိုင်ရဖူးပါတယ်။

၇။ ဟက်ကင်း

 

ဝုလ်ဘတ်နည်းပြဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ တစ်ကြိမ်၊ စူပါဖလားမှာ တစ်ကြိမ် အနိုင်ရခဲ့တာပါ။

၈။ ပိုချက်တီနို

 

နောက်ဆုံးတစ်ဦးကတော့ လက်ရှိစပါးနည်းပြ ပိုချက်တီနိုပါ။ ပိုချက်တီနို နည်းပြဘဝ ပထမဆုံးပွဲဟာ အက်စပန်ညိုကို ကိုင်တွယ်ကာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တွေ့ခဲ့တာဖြစ်ပြီး သရေရခဲ့ပါတယ်။ နောက်တစ်လအကြာ ဘာစီလိုနာနဲ့ ပြန်တွေ့တဲ့အချိန်မှာ ပိုချက်တီနိုရဲ့ အက်စပန်ညိုက ၃-၂ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ အခုလည်း စပါးအသင်းနဲ့ မန်စီးတီးကို အနိုင်ရလိုက်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ