International: ဆွာရက်ဇ် ဂိုးသွင်းကောင်းရခြင်း လျှို့ဝှက်ချက်ကို လီဗာပူးအသင်းဖော်ဟောင်း ထုတ်ဖော်

လေ့ကျင့်ရေးဆင်းတဲ့အခါ ဆွာရက်ဇ်ရဲ့ ထူးဆန်းတဲ့အလေ့အကျင့်တစ်ခုက သူ့ကိုခြေစွမ်းပြဖို့ ကူညီပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ် ခြေစွမ်းကောင်းမွန်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို လီဗာပူးအသင်းဖော်ဟောင်း တစ်ဦးက ထုတ်ဖော်လိုက်ပါတယ်။

play

 

ကွင်းအတွင်းမှာ တိုက်စစ်မှူးဆွာရက်ဇ် ခြေစွမ်းကောင်းမွန်ရခြင်းဟာ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တဲ့အခါ သူ့ရဲ့ထူးခြားတဲ့ အကျင့်တစ်ခုကြောင့်လို့ လီဗာပူးအသင်းဖော်ဟောင်း ဒန်နီဝီလ်ဆင်က ပြောပါတယ်။ ဒန်နီဝီလ်ဆင်က အခုတော့ ရိန်းဂျားစ်အသင်းမှာ ကစားနေသူဖြစ်ပါတယ်။

play

 

ဆွာရက်ဇ်ဟာ အသင်းပွဲစဉ်မတိုင်ခင် လေ့ကျင့်ခန်းဆင်းတဲ့အခါ ဘောလုံးကန်ဖိနပ်ဝတ်ရင် ဘယ်တော့မှ ကြိုးချည်လေ့မရှိဘူးဘို့ ဒန်နီကပြောပါတယ်။ အဲဒီကပဲ ဆွာရက်ဇ်ခြေစွမ်းပြနိုင်ခြင်းရဲ့ လျှိှု့ဝှက်ချက်ဖြစ်တယ်လို့ ရိန်းဂျားစ်အသင်း ရုပ်သံကိုပြောကြားခဲ့ပါတယ်။ ဖိနပ်ကို ကြိုးမချည်ဘဲ လေ့ကျင့်ခြင်းဟာ တကယ်အလုပ်ဖြစ်၊ မဖြစ်မသိနိုင်သေးပေမဲ့ ဆွာရက်ဇ်ကတော့ ဒီလိုလေ့ကျင့်ရင်းနဲ့ပဲ အခု အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ