International: နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးမိလို့ ဒိုင်လူကြီးကို ပရိသတ်တွေ ဝိုင်းပြီးထိုးကြိတ်

အာဂျင်တီးနား အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေက ကွင်းထဲဝင်လာပြီး ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ခဲ့တာပါ။

play

 

အာဂျင်တီးနား အဆင့်နိမ့်တန်း ဘောလုံးပြိုင်ပွဲတစ်တစ်ပွဲမှာ နောက်ဆုံးမိနစ်ရောက်မှ ပင်နယ်တီပြစ်ဒဏ်ပေးမိတဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ပရိသတ်ပေါင်းများစွာ ဝိုင်းဝန်းထိုးကြိတ်ခြင်းကို ခံလိုက်ရပါတယ်။

play

 

ဟာတီလန်ဒီအသင်းနဲ့  ပရီမီယိုအသင်းတို့ရဲ့ အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေက အင်တိုက်အားတိုက် အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံးမိနစ်အရောက်မှာ ကွင်းလယ်ဒိုင်လူကြီးက ဟာတီလန်ဒီအသင်းကို ပင်နယ်တီပြစ်ဒဏ် ကန်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟာတီလန်ဒီအသင်းက ပင်နယ်တီ ကန်သွင်းခဲ့ပြီးတဲ့နောက် ကွင်းဘေးမှာ  အားပေးနေကြတဲ့ ပရီမီယိုအသင်း ပရိသတ်တွေဟာ ကွင်းအတွင်း အတင်းပြေးဝင်ကာ ကွင်းလယ်ဒိုင်ကို ထိုးကြိတ်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ပရိသတ်လေးဦးလောက် ထိုးကြိတ်မှုကို ခံနေရတဲ့ ကွင်းလယ်ဒိုင်ကို ကာကွယ်ပေးဖို့ စည်းကြပ်ဒိုင်က ဝင်ရောက်ကြိုးစားခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ပရီမီယိုအသင်းကစားသမားတစ်ဦးရဲ့ ကန်ကျောက်ခြင်းကို ခံလိုက်ရပါတယ်။ ပင်နယ်တီ ကန်ခွင့်ရတဲ့ ဟာတီလန်ဒီ အသင်းကစားသမားတွေက အနီးမှာ ဒီအဖြစ်အပျက်ကို ကြည့်နေခဲ့ပြီး ပရီမီယို ကစားသမားအချို့နဲ့ ပွဲတာဝန်ရှိသူတွေကတော့ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ