International: ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘရာဇီး ဂိုးပြတ်အနိုင်ရသော်လည်း နေမာဒဏ်ရာကြောင့် လူစားလဲခဲ့ရ

ဘိုလီဗီးယားကို ဘရာဇီးက ငါးဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။

 

တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးအသင်းက ဘိုလီဗီယားအသင်းကို ငါးဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ဘရာဇီးအသင်းက ကိုးပွဲကစားပြီးတဲ့နောက် ရမှတ် ၁၈ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဘရာဇီးရဲ့အထက်မှာ ဥရုဂွေးအသင်းက ရမှတ်တစ်မှတ်နဲ့ ဆက်လက်ရပ်တည်နေပါတယ်။ဘိုလီဗီယားနဲ့ ခြေစစ်ပွဲမှာမှာ ပွဲချိန် ၁၁ မိနစ်မှာတင် နေမာက အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

 

ပထမပိုင်း မပြီးခင်မှာတင် ကော်တင်ဟို၊ ဖိလစ်လူးဝစ္စ၊ ဂါဘရီရယ်ဂျီးဆပ်တို့သွင်းဂိုးတွေနဲ့ ဘရာဇီးက လေးဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ဘရာဇီးတိုက်စစ်ကစားသမား နေမာနဲ့ ဘိုလီဗီးယားနောက်ခံလူ ထိခိုက်မိပြီး နေမာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီနောက် နေမာကို လူစားလဲလိုက်ရပါတယ်။ ၇၅ မိနစ်မှာ ကော်တင်ဟိုရဲ့ ထောင့်ကန်ဘောကို ဖာမီနိုက သွင်းယူလိုက်တာဖြစ်ပါတယ်။

 

လူစားမလဲခင်ကတည်းက နေမာဟာ အဝါကတ်အပြခံထားရလို့ လာမယ့်အင်္ဂါနေ့ ဗင်နီဇွဲလားနဲ့ ခြေစစ်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

Source : Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ