International: အာဆင်နယ် နောက်ခံလူဘယ်လာရင်ကို မန်စီးတီးနဲ့ ဘာစီလိုနာ ခေါ်ချင်ရတဲ့ အကြောင်းပြချက် (၄) ခု

ဘယ်လာရင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ မန်စီတီးနှစ်သင်းလုံးက ကြိုးပမ်းနေတာပါ။

 

ပရီးမီးယားလိဂ်မှာ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်အသင်း လူစာရင်းထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ကစားသမားက ဘယ်လာရင်ဖြစ်ပါတယ်။ နောက်တန်းဘယ်တောင်ပံမှာ တောက်ပတဲ့ခြေစွမ်းကြောင့် ဘာစီလိုနာအသင်းအပြင် မန်စီးတီးကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဘယ်လာရင်ကို မန်စီးတီးနဲ့ ဘာစီလိုနာ လိုချင်နေရတဲ့ အကြောင်းပြချက်က အောက်ပါအရည်အချင်း (၅) ခုကြောင့်ဖြစ်ပါတယ်။

၁။ ဂိုးဖန်တီးပေးနိုင်ခြင်း

 

ရှေ့ကို over-lap လုပ်ကစားတတ်တဲ့ဘယ်လာရင်ဟာ အသင်းအတွက် ဂိုးရဖို့ အခွင့်အရေးတွေ အမြဲဖန်တီးပေးလေ့ရှိပါတယ်။ ဒီရာသီမှာ အာဆင်နယ်အတွက် ဂိုးဖန်တီးပေးမှု ၆ ကြိမ်ပြုလုပ်ထားပြီးပါပြီ။ နောက်ခံကစားသမားတွေထဲမှာ အများဆုံး ဖြစ်ပါတယ်။

၂။ အလိမ်အခေါက် ကောင်းခြင်း

ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး အလိမ်အခေါက်လုပ်ရာမှာ ကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဒီရာသီမှာ ဘယ်လာရင်က စုစုပေါင်း ၇၆ ကြိမ် အလိမ်အခေါက်လုပ်ကာ ကျော်ဖြတ်ထားနိုင်ပါတယ်။

၃။ ဘောလုံးကြယ်ပွင့် ဖြစ်လာ

 

ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ပရော်ဖက်ရှင်နယ်ဘောလုံးအဖွဲ့အစည်းက ပေးတဲ့ အကောင်းဆုံး ဘောလုံးသမားစာရင်းထဲမှာ ဘယ်လာရင် ပါဝင်ထားပါတယ်။ အာဆင်နယ်တစ်သင်းလုံးမှာ ဒီစာရင်းထဲ ဘယ်လာရင်တစ်ဦးတည်းသာ ပါဝင်လာတာပါ။

၎။ လျှင်မြန်ခြင်း

 

နောက်ခံအစွန် ကစားသမားတစ်ယောက်အတွက် အဓိကဖြစ်တဲ့ မြန်နှုန်းမြင့်စွမ်းရည်ကိုလည်း ဘယ်လာရင် ပိုင်ဆိုင်ထားပါတယ်။ ချယ်လ်ဆီးနဲ့ ပွဲစဉ်တုန်းက ဘယ်လာရင်ရဲ့ ပြေးနှုန်းဟာ သက်သေပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ