International: ရော်နယ်ဒိုနှင့် အီဗရာဟီမိုဗစ်ခ်ျထံမှ သုတ်ပိုးများ အလှူခံနေသည့် နည်းပြ

ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ မျိုးရိုးဗီဇကိုယူကာ အငှားကိုယ်ဝန်ဆောင်စေပြီး ကမ္ဘာကျော်ဘောလုံးအသင်း တည်ဆောက်ဖို့ စိတ်ကူးဖြစ်ပါတယ်။

play

 

နော်ဝေနိုင်ငံမြောက်ပိုင်းက ဘောလုံးနည်းပြတစ်ဦးဟာ အနာဂတ်မှာ အောင်မြင်တဲ့ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်ဖို့အတွက် ထူးဆန်းတဲ့အကြံဉာဏ်တစ်ခုကို ကြေညာလိုက်ပါတယ်။

play

 

အော်လီဗီဒါလို့ အမည်ရတဲ့ အဆိုပါနည်းပြဟာ နော်ထရန်ဒါအသင်းရဲ့ ဘောလုံးနည်းပြဖြစ်ပါတယ်။ သူဟာ ဘောလုံးနည်းပြအဖြစ် နှစ်ပေါင်း ၃၀ လောက်ကြာအောင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကစားသမားပေါင်းတစ်ထောင်ကျော်ကို လေ့ကျင့်သင်ကြားခဲ့ပြီးပြီလို့လည်းဆိုပါတယ်။ ဒါပေမဲ့ ဘောလုံးသမားအများစုဟာ ခြေစွမ်းဆိုးရွားပြီး ကမ္ဘာ့ဘောလုံးလောကမှာ အောင်မြင်သူတွေဖြစ်မလာခဲ့ဘူးလို့ နည်းပြအော်လီက ညည်းတွားပါတယ်။

play

 

အဲဒီအတွက် အနာဂတ်မှာအောင်မြင်တဲ့ဘောလုံးအသင်းကို တည်ထောင်ဖို့ ကမ္ဘာကျော်ဘောလုံးသမားတွေထံက သုတ်ပိုးအလှူခံမယ့် အစီအစဉ်ကိုသူတွေးမိခဲ့တာပါ။ မန်ယူအသင်း တိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ခ်ျနဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေဆီက သုတ်ပိုးအလှူခံလိုတယ်လို့ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ကနေ ဖြန့်ဝေခဲ့တာပါ။

play

 

ရော်နယ်ဒို၊ အီဗရာဟီမိုဗစ်ခ်ျ တို့လိုကစားသမားတွေဆီက သုတ်ပိုးအလှူခံလို့ ရခဲ့မယ်ဆိုရင် လက်ရှိ နောထရန်ဒါအသင်း ကစားသမားတွေရဲ့ ချစ်သူ၊ ဇနီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ နားချမယ်လို့ နည်းပြ အော်လီက ပြောပါတယ်။ အဲဒီအတွက် အဆိုပါဘောလုံးသမားတွေသိအောင် ဗီဒီယိုဖိုင်ကို ကူညီမျှဝေပေးဖို့ တိုက်တွန်းထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ