International: တစ်ပွဲတည်း လေးဂိုးသွင်းနိုင်ခဲ့သဖြင့် ပျော်ရွှင်နေသည့် ရော်နယ်ဒို

ပေါ်တူဂီက အန်ဒိုရာအသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက အန်ဒိုရာအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ရော်နယ်ဒိုက ရလဒ်အတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားလိုက်ပါတယ်။

play

 

ပေါ်တူဂီက ၆-၀ ဂိုးနဲ့ အန်ဒိုရာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက လေးဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာဖြစ့်ပါတယ်။ ဒီရာသီအစ ရီးရဲလ်မက်ဒစ်နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ဖိအားအချို့ရှိနေခဲ့ပေမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ပွဲစဉ်မှာတော့ အကောင်းဆုံးခြေစွမ်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

play

 

" ၁၁ ယောက်ချင်း ဘောလုံးကစားတဲ့အခါ ပထမဆုံးဂိုးက အရမ်းအရေးပါတယ်ဆိုတာကို သိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီပွဲမှာ အသုံးကျတယ်လို့ခံစားရပါတယ်။ အဲဒီအတွက်ပျော်ပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ၄၂ ကြိမ်မြောက် ဟက်ထရစ်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Source : Mirror/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ