International: ဝင်ငွေအများဆုံး ဘောလုံးအသင်းအဖြစ် မန်ယူနှင့်ဘာစီလိုနာကို ကျော်ဖြတ်ပြီး ရီးရဲလ်မက်ဒရစ် ရပ်တည်

တစ်နှစ်တာ ဝင်ငွေမှာ ရီးရဲလ်မက်ဒရစ်က အများဆုံး ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့ဘောလုံးလောကမှာ ဝင်ငွေအများဆံုးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ စုစုပေါင်း ရီးရဲလ်မက်ဒရစ်ရဲ့ တစ်ရာသီဝင်ငွေဟာ ယူရိုသန်း ၆၂၀ ရှိခဲ့တယ်လို့ အသင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

play

 

ဒါဟာ မနှစ်ကထက် ၇.၄ ရာခိုင်နှုန်း ဝင်ငွေတိုးတက်လာတာဖြစ်ပါတယ်။ ကမ္ဘာ့ဝင်ငွေအများဆုံး ဘောလုံးအသင်းက  ရီးရဲလ်မက်ဒရစ်ဖြစ်ခဲ့ပြီး ဒုတိယဝင်ငွေအများဆုံးအသင်းက ဘာစီလိုနာဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက စုစုပေါင်း ၆၇၉ သန်းဝင်ငွေရှိခဲ့ပေမယ့် ကစားသမား ရောင်းချရမှုက ဝင်ငွေ ၆၇ သန်းလောက် ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။

play

 

စီးပွားရေးအမြတ်ငွေချည်းသာ တွက်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်က ဝင်ငွေအများဆုံး ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီနှစ်သင်းနောက်တတိယ နေရာမှာ ရှိခဲ့ပြီး တစ်နှစ်တာဝင်ငွေ ပေါင်သန်း ၅၇၀ ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နှစ်မှာ စုစုပေါင်း ဝင်ငွေခွန် ယူရို ၄၃.၃ သန်းပေးဆောင်ခဲ့ရပြီး ကြွေးမြီ ယူရို ၉၆ သန်းပေးခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ