International: ဘာစီလိုနာ ကစားသမား နေမာကို မန်ယူအပါအဝင် အကြိမ်ကြိမ် ကမ်းလှမ်းနေသည့် အသင်း လေးသင်း

နေမာကတော့ လက်ရှိအချိန်ထိ အပြောင်းအရွှေ့တွေကို ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။

play

 

အသင်းကထွက်ခွာတော့မယ်လို့ မကြာခဏ သတင်းထွက်နေတဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အသင်းဟာ လေးသင်းအထိ ရှိခဲ့တယ်လို့သိရပါတယ်။

play

 

ယနေ့ စပိန်သတင်းစာအချို့ရဲ့ ဖော်ပြချက်အရလည်း နေမာကို ဘာစီလိုနာအသင်း ချုပ်ဆိုထားတဲ့ စာချုပ်အရ လက်ရှိဥရောပအသင်းတွေထဲမှာ ပြောင်းရွှေ့ကြေးကို တတ်နိုင်တဲ့အသင်း လေးသင်းသာရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး နေမာကို ဘာစီလိုနာ  ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဘက်က ယူရို ၇၂ သန်းပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူအသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

မန်ယူနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကမ်းလှမ်းမှုဟာ ရီးရဲလ်မက်ဒရစ် ကမ်းလှမ်းမှုထက် ပိုများတယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေအားဖြင့် ယူရို သန်း ၈၀ လောက်ရှိမယ်လို့ သတင်းတွေက ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကဘဲ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း နေမာကို ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့တာ ငါးကြိမ်လောက်ရှိနေပြီလို့ သိရပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ