International: လာလီဂါသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားက ရော်နယ်ဒိုနှင့် မက်ဆီမဟုတ်

, updated

လာလီဂါရဲ့ အကြီးကျယ်ဆုံး ကစားသမားစာရင်းမှာ မက်ဆီက အဆင့်-၃ သာရရှိခဲ့တာပါ။

play

 

စပိန်လာလီဂါ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။ ဘောလုံးသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို အသေးစိတ်တွက်ချက်လေ့လာမှု ပြုနေတဲ့ အန်တိုနီယိုအော်တေဂါဆိုသူက စာရင်းပြုစုခဲ့တာပါ။ သူဟာ ၁၉၉၂ ခုနှစ်ကတည်းက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စာရင်းပြုစုခဲ့သူဖြစ်ပါတယ်။

play

 

ဒါကို စပိန်သတင်းစာ AS က ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။ စပိန်လာလီဂါသမိုင်းတစ်လျှောက် စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားဟာ မက်ဆီနဲ့ ရော်နယ်ဒို မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရာအူးလ် ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ဂိုးသွင်းမှု နဲ့ လိမ်ခေါက်နိုင်ခြင်းစွမ်းရည်တွေကိုသာ တွက်ချက်တာမဟုတ်ဘဲ ဂိုးဖန်တီးပေါ်နိုင်မှု၊ အသင်းအတွက် အရေးပါဝင်မှု၊ ပြိုင်ဘက်ဘောလုံးကို တားဆီးနိုင်မှု စတာတွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။

play

 

ရာအူးလ်ပြီးရင် ဒုတိယစွမ်းဆောင်ရည် အကောင်းဆုံးဘောလုံးသမားက ဆီဇာရိုဒရီဂွက်ဇ်ဖြစ်ပါတယ်။ လာလီဂါတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားစာရင်းမှာ မက်ဆီက အဆင့်-၃ ရခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ အဆင့်-၂၃ သာ ချိတ်ခဲ့ပါတယ်။

ှSource : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ