International: ပွဲကစားနေတုန်း ဆံထုံးပြေသွားတဲ့ ဂါရက်ဘေးလ်ရဲ့ ဖက်ရှင်ကို ပရိသတ်တွေ သဘောကျ

ဂါရက်ဘေးလ်ဟာ ဆံပင်ပါးနေတာကို ကာကွယ်ဖို့ ဆံထုံးထုံးထားတာ ဖြစ်တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပေးပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲမှာ ဝေးလ်အသင်းဟာ ဂျော်ဂျီယာအသင်းကို ၁-၁ ဂိုးသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအပြီး ဘောလုံးပရိသတ်တွေရဲ့ လူမှုကွန်ရက်မှာ ရေပန်းစားလာတာက ပွဲရလဒ်မဟုတ်ဘဲ ဂါရက်ဘေးလ် အကြောင်းသာဖြစ်ပါတယ်။

ဂါရက်ဘေးလ်ဟာ သူ့ရဲ့ဆံပင်အရှည်ကို အမြဲတမ်းစုစည်းပြီး ထိပ်မှာ ဆံထုံးထုံးလေ့ရှိသူဖြစ်ပါတယ်။ ဂျော်ဂျီယာနဲ့ပွဲစဉ်မှာတော့ ဂါရက်ဘေးလ်ရဲ့ ဆံထုံးဟာ ပြေးရင်းလွှားရင်း ပြေကျသွားတာ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှကြပြီး အချင်းချင်း နောက်ပြောင်မှတ်ချက်ပေးနေကြတာပါ။

play

 

ပရိသတ်အတော်များများကတော့ ဆံပင်အရှည်နဲ့ ဘောလုံးကွင်းထဲက ဂါရက်ဘေးလ်ပုံစံကို မမြင်ဖူးတဲ့အတွက် ဒီပုံစံမထင်မှတ်ဘဲ မြင်လိုက်ရတာကို သဘောကျနေကြပါတယ်။ ဗြိတိန်မီဒီယာအချို့ကတော့ ဂါရက်ဘေးလ်ကို ခေါင်းလျှော်ရည်ကြော်ငြာဖို့အတွက် ငှားသင့်တယ်လို့ ရေးသားပါတယ်။

ဒါပေမဲ့ ဆံထုံးပြေလျော့သွားတဲ့အတွက် ဂါရက်ဘေးလ်ရဲ့ ခေါင်းဟာ ထိပ်ပြောင်နေတာကို တွေ့ရတယ်လို့ အချို့က သုံးသပ်ထားပါတယ်။ သူဟာ ထိပ်ပြောင်နေတာကို ဖုံးကွယ်ဖို့ ဆံထုံးအမြဲတမ်း ထုံးထားတာ ဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးပါ။

play

 

ဒါပေမဲ့ ဘောလုံးကွင်းထဲမှာ ဆံပင်အရှည်နဲ့ ပထမဆုံး မြင်ခဲ့ရတဲ့ ဂါရက်ဘေးလ်ရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေက သဘောကျနေကြပါတယ်။ အဲဒီပွဲမှာ ဂါရက်ဘေးလ်က အသင်းအတွက် အရေးပါတဲ့ ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ