International: အစိမ်းကတ် ပထမဆုံး အပြခံလိုက်ရတဲ့ ဘောလုံးသမား

, updated

ဘောလုံးသမိုင်းမှာ ပထမဆုံးအစိမ်းကတ် အပြခံရတဲ့ ကစားသမားအဖြစ် အီတလီ စီးရီးဘီပြိုင်ပွဲက ကစားသမား မှတ်တမ်းဝင်သွားပါတယ်။

 

ကမ္ဘာ့ဘောလုံးသမိုင်းမှာ ပထမဆုံးဖြစ်လာမယ့် အစိမ်းကတ်ကို ကွင်းလယ်ဒိုင်လူကြီးက အီတလီ စီးရီးဘီဘောလုံးပြိုင်ပွဲမှာ ပြသလိုက်ကြောင်း သိရပါတယ်။

၂၀၁၆-၁၇ ဘောလုံးရာသီ မစခင်မှာကတည်းက ဒီရာသီကစပြီး အစိမ်းကို စီးရီးဘီဘောလုံးပြိုင်ပွဲမှာ စတင်စမ်းသပ်အသုံးပြုမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲမှာ အဝါကတ်၊ အနီကတ်တွေအပြင် အစိမ်းကိုပါ အနာဂတ်မှာ တွင်တွင်ကျယ်ကျယ် မြင်တွေ့ရတော့မှာပါ။

 

အဝါကတ်နဲ့ အနီကတ်ဟာ ဘောလုံးဥပဒေနဲ့အညီမကစားသူတွေ မလိုက်နာသူတွေကို သတိပေး၊ ပြစ်ဒဏ်ပေးတဲ့အရာတွေဖြစ်ပေမဲ့ အစိမ်းကတ်ကတော့ ချီးကျူးဂုဏ်ပြုတဲ့ကတ်ဖြစ်ပါတယ်။ အခု စီးရီးဘီဘောလုံးအသင်း ဗစ်ဆင်ဇာအသင်းရဲ့ တိုက်စစ်မှူး ဂါလာနိုက သန့်ရှင်းမှု ရှိရှိနဲ့ တရားမျှတစွာ ကစားနိုင်ခဲ့တဲ့ အတွက် အစိမ်းကတ် ပထမဆုံး အပြခံရတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။

ကွင်းလယ်ဒိုင်က အန်တယ်လာအသင်းရဲ့ ကစားသမားတွေနဲ့ထိပြီးဘောလုံးစည်းကျော်သွားတယ်လို့ ယူဆတဲ့အတွက် ထောင့်ကန်ဘော ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ တိုက်စစ်မှူး ဂါလာနိုက ပြိုင်ဘက်နောက်ခံလူတွေနဲ့ မထိခဲ့ကြောင်း ပြောခဲ့ပြီး ထောင့်ကန်ဘောကို ငြင်းဆန်ခဲ့ပါတယ်။

 

အဲဒါကြောင့် ဂိုးရမယ့်အခွင့်အရေးကို ရိုးရိုးသားသား ငြင်းပယ်ခဲ့တဲ့ ကစားသမားကို ကွင်းလယ်ဒိုင်က အစိမ်းကတ် ပြသခဲ့တာပါ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ