International: သဘောကောင်းတဲ့ ရော်နယ်ဒို စိတ်ရှည်ရှည်ထားပြီး ပရိသတ်နဲ့ ဆယ်လ်ဖီအတူရိုက်

ပေါ်တူဂီက ဖာရိုးကျွန်းစုကို ၆-၀ ဂိုးနဲ့ အ နိုင်ရတဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက သူ့ဆီပြေးလာတဲ့ ပရိသတ်နဲ့ ဆယ်လ်ဖီ ရိုက်ခဲ့တာပါ။

play

 

ယမန်နေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ဖာရိုးကျွန်းစုအသင်းကို ၀-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို ကွင်းထဲမှာ မကြာခဏ ကြုံရလေ့ ရှိတဲ့အဖြစ်အပျက်ကို ဒီနေ့ပွဲမှာလည်း ကြုံခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်မစခင် စက္ကန့်ပိုင်းလေးအလိုမှာ လူငယ်ပရိသတ်တစ်ဦးက လုံခြုံရေး အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကွင်းထဲက ရော်နယ်ဒိုထံ ရောက်လာခဲ့တာဖြစ်ပါတယ်။ ပွဲပြန်စတော့မှာ ဖြစ်ပေမဲ့ ရော်နယ်ဒိုဟာ သူနဲ့အတူ ဆယ်လ်ဖီရိုက်ချင်တဲ့ ပရိသတ်ကို စိတ်ရှည်ရှည်စောင့်ပြီး အတူရိုက်ပေးခဲ့တာတွေ့ရပါတယ်။ အရင်ကလည်း ရော်နယ်ဒိုဟာ မကြာခဏဆိုသလို ဒီအဖြစ်အပျက်မျိုး ကြုံရလေ့ရှိပါတယ်။

 

ဖာရိုးကျွန်းစုနဲ့ပွဲစဉ်မှာ ပေါ်တူဂီကစားသမား တိုက်စစ်မှူး ဆေးလ်ဗား ခြေစွမ်းပြခဲ့ပြီး ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းမှာ ရော်နယ်ဒိုက တစ်ဂိုးသွင်ခဲ့ပါသေးတယ်။

Source : 101greatgoals

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ