International: ပြင်သစ်အတွက် ကိုက် ၃၀ အကွာမှ လျှပ်တပြက် အနိုင်ဂိုးသွင်းနိုင်ခဲ့သည့် ပေါ့ဂ်ဘာ (ရုပ်သံ)

ပေါ့ဂ်ဘာရဲ့ဂိုးနဲ့ ပြင်သစ်က ဟော်လန်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

ပြင်သစ်အသင်းက ဟော်လန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူကစားသမား ပေါ့ဂ်ဘာက ပြင်သစ်အတွက် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒီရာသီ မန်ယူအသင်းမှာ နာမည်ကြီးသလောက် ခြေစွမ်းမပြနိုင် ဖြစ်နေလို့ ဝေဖန်မှုတွေ ထွက်နေတာကို ပြင်သစ်အတွက် အနိုင်ဂိုးသွင်းပြီး ပေါ့ဂ်ဘာက အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေထဲမှာ ပြင်သစ်ကစားသမား ပေါ့ဂ်ဘာရဲ့ အနိုင်ဂိုးက ပရိသတ်တွေ အပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ကွင်းတစ်ဝက်ကျော်ကျော်လောက်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကို ပေါ့ဂ်ဘာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

ပြိုင်ဘက် ဟော်လန်အသင်းရဲ့ ကွင်းတစ်ဝက်လောက်မှာ ပေယက်ပေးလိုက်တဲ့ ဘောလုံးကို ကိုက်သုံးဆယ် အကွာလောက်ကနေ ပေါ့ဂ်ဘာက အရှိန်ပြင်းပြင်းကန်သွင်းယူလိုက်တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ မိုးကြိုးသွားလို လျှင်မြန်တဲ့ ဂိုးဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

ဥရောပဇု ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြင်သစ်က ဆွီဒင်နဲ့ အမှတ်အတူတူ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ