International: ဆယ်နှစ်သားအရွယ် ပါလက်စတိုင်းမက်ဆီကို ဂျူဗင်တပ် ခေါ်ယူ

ဂျူဗင်တပ်ကို မရောက်ခင်ကတည်းက သူ့ရဲ့ဘောလုံးစွမ်းရည်ဟာ Youtube ပေါ်မှာ နာမည်ကျော်နေတာပါ။

play

 

ပါလက်စတိုင်းမက်ဆီလို့ အင်တာနက်မှာ နာမည်ကျော်နေတဲ့ ကလေးငယ်ကို အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

play

 

အယ်လ်ဟက်ဂျဝီလို့ အမည်ရတဲ့ အဆိုပါကလေးငယ်ဟာ ပါလက်စတိုင်းနွယ်ဖွားဖြစ်ပြီး နော်ဝေမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အခုတော့ ဂျူဗင်တပ်အသင်းရဲ့ လူငယ်အသင်းထံကို ပြောင်းရွှေ့လာတော့မှာပါ။ youtube ပေါ်မှာ နာမည်ကျော်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ အဆိုပါ ကလေးငယ်ဟာ အလိမ်အခေါက်ကောင်းရုံသာမက ဂိုးသွင်းစွမ်းရည်လည်း အရွယ်နဲ့ မလိုက်အောင် မြင့်မားခဲ့တာတွေ့ရပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ လူငယ်စီမံကိန်းကမှတစ်ဆင့် နောင်နှစ်အနည်းငယ်အတွင်း ဥရောပဘောလုံးလောကမှာ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားလို့ ဗြိတိန်မီဒီယာတွေက ချီးကျူးရေးသားကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ