International: ဂိုးသမား ဖြစ်သွားတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ ဥရုဂွေးနဲ့ ရှိနေတဲ့ ဆွာရက်ဇ်ဟာ ဂိုးသမားအဖြစ် တာဝန်ယူခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်း ကစားသမား လူဝစ္စဆွာရက်ဇ်ကို တိုက်စစ်မှူးအဖြစ် ဘောလုံးပရိသတ်တွေအားလုံး သိထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥရုဂွေးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းတဲ့အချိန်မှာ ဆွာရက်ဇ်ဟာ တိုက်စစ်မှူးတာဝန်နဲ့ပြောင်းပြန် ဂိုးသမားအဖြစ် တာဝန်ယူပေးခဲ့တာတွေ့ရပါတယ်။

play

 

ဥရုဂွေးအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်ရမယ့်မတိုင်ခင် လက်ရွေးစင်အသင်း ခြေစမ်းပွဲမှာ ဆွာရက်ဇ်က ဂိုးသမားအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ပုံမှန်အခြေအနေအရ ဂိုးသမားတွေ မရှိတဲ့အခါ၊ ဒါမှမဟုတ် လေ့ကျင့်ရေး ဆင်းကြတဲ့အခါ ဂိုးသမားကလွဲရင် ဂိုးဖမ်းသူအဖြစ် နောက်တန်းကစားသမားတွေသာ တာဝန်ယူတတ်ကြလို့ အခု ဆွာရက်ဇ်ရဲ့ လေ့ကျင့်ရေးဆင်းပုံက ထူးခြားနေခဲ့တာပါ။

play

 

လေ့ကျင့်ရေးကွင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ် ဂိုးသမားအဖြစ် တာဝန်ယူခဲ့စဉ်မှာ အသင်းကစားသမား ဂိုဒင်နဲ့ ထိခိုက်မိပြီး အနည်းငယ် နာကျင်ခဲ့ရတာကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ