International: အိုလံပစ်အိမ်ရှင်အဖြစ် အဆိုပြုယှဉ်ပြိုင်မှုကို အီတလီ တရားဝင် ရုပ်သိမ်း

ရောမမြို့ကောင်စီက အိုလံပစ်အိမ်ရှင်အဖြစ် ကျင်းပရန် အစီအစဉ်ကို ဆန့်ကျင်မဲပေးခဲ့ပါတယ်။

play
အီတလီအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဂျီရိုဗန်နီ မာလာဂို


၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲတွေ ရောမမြို့မှာ အိမ်ရှင်လက်ခံကျင်းပရန် အဆိုပြုယှဉ်ပြိုင်ထားမှုကို တရားဝင် ရုပ်သိမ်းလိုက်ပြီလို့ အီတလီအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဂျီရိုဗန်နီ မာလာဂိုက အတည်ပြု ကြေညာလိုက်ပါတယ်။ ရောမမြို့ကောင်စီက အိုလံပစ်အိမ်ရှင်အဖြစ် ကျင်းပရန် အစီအစဉ်ကို ဆန့်ကျင်မဲပေးခဲ့ပြီးနောက် အိုလံပစ်အိမ်ရှင်ဖြစ်ရေး အဆိုပြုထားမှုကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

play


ရောမမြို့တော်ဝန် ဗာဂျီနီးယားရက်ဂီက ရောမမြို့မှာ အိုလံပစ်ထက် ပိုပြီးဦးစားပေး လုပ်ဆောင်ရမယ့် အမှိုက်သိမ်းခြင်းနဲ့ အကျင့်ပျက်ခြစားခြင်းကဲ့သို့ ကိစ္စရပ်တွေ ရှိနေကြောင်း ပြောပါတယ်။ ၂၀၂၄ အိုလံပစ် အိမ်ရှင်အဖြစ် အဆိုပြုထားမှုမှ ရောမမြို့ နုတ်ထွက်လိုက်ခြင်းကြောင့် လက်ရှိမှာ ပါရီ၊ လော့စ်အိန်ဂျလိစ်နဲ့ ဘူဒါပတ်စ် မြို့များသာ အိုလံပစ်အိမ်ရှင်ဖြစ်ရေး ယှဉ်ပြိုင်ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။

play


ဘော်စတွန်နဲ့ဟမ်းဘတ်တို့ကလည်း အိုလံပစ်အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံမှုမှ နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၄ အိုလံပစ်အိမ်ရှင် ရွေးချယ်မှုကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက လာမယ့်နှစ် စက်တင်ဘာလမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ