International: နေမာ မပါသည့်ဘရာဇီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လွယ်လွယ်ကူကူ အနိုင်ရ

ဗင်နီဇွဲလားကို အနိုင်ယူပြီးနောက် ခြေစစ်ပွဲ အုပ်စုမှာ ဘရာဇီးက ထိပ်ဆုံးကို တက်လာခဲ့ပါတယ်။

play

 

ယနေ့ မနက်ကစားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ် ၁၀ မှာဘရာဇီးအသင်းက ဗင်နီဇွဲလားအသင်းကို  အဝေးကွင်းမှာ အနိုင်ယူလိုက်ပြန်ပါတယ်။ ဘရာဇီးအသင်းနည်းပြသစ် တစ်တီလက်ထက်မှာ လက်ရွေးစင်အသင်းရဲ့ အကောင်းဆုံးစံချိန်ကို ဆက်ထိန်းနိုင်ဆဲဖြစ်ပါတယ်။

play

 

ပါးလ်မီးရက်စ်အသင်း လူငယ်ကစားသမား ဂါဘရီရယ်လ်ဂျီးဆက်စ်ဒီပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ အဖွင့်ဂိုး သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၈ မိနစ်မှာတင် ဗင်နီဇွဲလားအသင်း ဂိုးသမား ဆိုးဆိုးရွားရွား လူပေးမှားတာကတစ်ဆင့် ဂျီးဆက်စ်က ဖြတ်ဆွဲယူပြီး ဂိုးသမားကို ကျော်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် တောင်အမေရိကဇုန် ခြေစစ်ပွဲ အုပ်စု ဒုတိယနေရာမှာ ရှိနေရာကနေ ဘရာဇီးဟာ ပထမနေရာကို တက်လှမ်းခဲ့ပါတယ်။

play

 

ပထမပိုင်းမှာကတည်းက ဘရာဇီးအသင်းက ခြေစွမ်းကွာလွန်းတဲ့ ဗင်နီဇွဲလားကို စိတ်ကြိုက်တိုက်စစ်ဆင်ခွင့် ရခဲ့ပေမဲ့ အသင်းကစားသမားတွေ ပေါ့ပေါ့ဆဆ ကစားခဲ့တာကြောင့် ဂိုးထပ်မရတာပါ။ ပွဲချိန် ၅၃ မိနစ်မှာ ဘယ်ခြမ်းက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ချယ်လ်ဆီးကစားသမား ဝီလျံပိတ်သွင်းလိုက်လို့ ဘရာဇီး ဒုတိယဂိုး ရခဲ့ပါတယ်။

ဗင်နီဇွဲလားအသင်းလည်း ဂိုးရဖို့ အခွင့်အရေးအချို့ ရှိခဲ့ပေမဲ့ အဆုံးသတ်တွေ အလွန်ညံ့ဖျင်းတာကြောင့် ပြန်ပြီး မချေပနိုင်ခဲ့ပါဘူး။ နေမာမပါတဲ့ ဘရာဇီးတိုက်စစ်ဟာ အဆုံးသတ်မှုတွေ အားနည်းပေါ့ဆခဲ့ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ