International: ကမ္ဘာ့ဖလားကို ၄၈ သင်း ပါဝင်ယှဉ်ပြိုင်မည့် ကိစ္စ ယခုတစ်ပတ် ဆွေးနွေးမည်

ကမ္ဘာ့ဖလားပြိုင်ပွဲကို စနစ်သစ်နဲ့အသက်သွင်းဖို့ ဥက္ကဋ္ဌ အင်ဖန်တီနိုက ကြိုးစားနေတာပါ။

play

 

ကမ္ဘာ့ဖလားမှာ အသင်ပေါင်း ၄၈ သင်းပါဝင်ယှဉ်ပြိုင်ဖို့ ကိစ္စကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ယခုရက်သတ္တပတ်အတွင်း စတင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဇူးရစ်ခ်ျမှာ ကြာသပတေးနေ့ ရောက်ရင်ကျင်းပမယ့်ဖီဖာကောင်စီဝင် အစည်းအဝေးမှာ ကော်မတီဝင်အရာရှိတွေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ အင်ဖန်တီနိုက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အင်ဖန်တီနိုဟာ ဖီဖာဥက္ကဋ္ဌ မဖြစ်ခင်က ရွေးကောက်ပွဲမှာလည်း ကမ္ဘာ့ဖလားကို အသင်းတိုးချဲ့ ကျင်းပသွားဖို့ ပြင်ဆင်နေတယ်ဆိုပြီး မဲဆွယ်စည်းရုံးထားခဲ့သူ ဖြစ်ပါတယ်။

play

 

ဒီစနစ်ဟာ အသင်းတွေ ပိုမိုပါဝင်ခွင့် ရရှိမှာဖြစ်ပေမဲ့ အသင်း ၁၆ သင်းက တစ်ပွဲသာ ကစားပြီး ရှုံးတာနဲ့ ပြိုင်ပွဲက လှည့်ပြန်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၂ သင်းသာ အုပ်စုအဆင့်ကစလို့ အရင်အတိုင်း ပြိုင်ဆိုင်ရမှာပါ။ ၄၈ သင်းပါဝင်မယ့် စနစ်ကို စတင်မယ်ဆိုရင် လာမယ့်  အနည်းဆုံး ၁၀ နှစ်လောက် စောင့်ရဦးမှာ ဖြစ်ပြီး ၂၀၂၆ ပြိုင်ပွဲရောက်မှသာ စတင်ကျင်းပနိုင်ဖွယ် ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ