International: ဘာနေဗျူးကွင်းကို အဆင့်မြှင့်တည်ဆောက်ပြီး အဖွင့်အပိတ် လုပ်နိုင်သည့် အမိုးထည်သွင်းမည်

လာမယ့် ၂၀၁၇ မှာ စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိဘာနေဗျူးအားကစားကွင်းကို ယူရိုသန်း ၄၀၀ ခန့်အကုန်အကျခံပြီး အဆင့်မြှင့်တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

play

 

အသစ်တိုးချဲ့တည်ဆောက်ရာမှာ အဓိက ထူးခြားချက်က မိနစ် ၂၀ အတွင်း အဖွင့်အပိတ်လုပ်နိုင်တဲ့ ခေါင်မိုး ပါဝင်လာမှာဖြစ်ပါတယ်။ ကွင်းသစ် စီမံကိန်းအတွက် ခွင့်ပြုချက် ရရှိပြီးပြီဖြစ်လို့ လာမယ့် ၂၀၁၇ ခုနှစ်အစောပိုင်းမှာ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်က ပြောပါတယ်။ ကွင်းသစ်ဒီဇိုင်း မိတ်ဆက်ပွဲမှာ ပြသခဲ့တဲ့ အချက်အလက်တွေအရ ကွင်းသစ်တိုးချဲ့တည်ဆောက်မှုမှာ နဂိုရှိရင်းစွဲ ထိုင်ခုံအရေအတွက်ကိုတော့ ခပ်များများ တိုးချဲ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

ခန့်မှန်းခြေ ထိုင်ခုံသုံးထောင်လောက်ပဲ ထပ်တိုးပါဝင်လာမှာ ဖြစ်ပြီး ဝင်ဆံ့တဲ့ ပရိသတ်ဦးရေက ရှစ်သောင်းကျော်သာ ဖြစ်နေဦးမှာပါ။ ထူးခြားတာက ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းသစ်ဒီဇိုင်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီ နှစ်ခုထဲမှာ တစ်ခုက ကာတာလန်ဒေသခံကုမ္ပဏီတစ်ခု ပါဝင်နေတာဖြစ်ပါတယ်။ ကွင်းသစ်တည်ဆောက်ပြီးတဲ့အခါ ကွင်းရဲ့နာမည်အတွက် စပွန်ဆာလုပ်ငန်းတွေ လက်ခံသွားဖို့ ရှိနေပြီး ဘာနေဗျူးကွင်းကို ပြောင်းလဲ ခေါ်ဆိုရဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ