International: ပြိုင်ဘက်ကစားသမား၏ အသက်ကို ကယ်တင်ပေးခဲ့သည့် ဘောလုံးသမား

တိုက်မိလဲကျပြီး လျှာခေါက်သတိလစ်သွားတဲ့ ကစားသမားကို ပြိုင်ဘက် အိုင်ဗရီကို့စ် ကစားသမားက ကယ်တင်ပေးခဲ့တာပါ။

play

 

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့ကြတဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ မာလီအသင်းတို့ရဲ့ပွဲစဉ်မှာ အိုင်ဗီရီကို့စ် ကစားသမား အော်ရီယာက ပြိုင်ဘက် ကစားသမားရဲ့ အသက်ကိုကယ်တင်ပေးခဲ့ကြောင်း သိရပါတယ်။

play

 

အဆိုပါ နှစ်သင်းကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်းမှာ မာလီကစားသမား ဒွန်ဘီယာဟာ ပြိုင်ဘက်ကစားသမား ကိုနေးနဲ့ ဘောလုံးခေါင်းခုန်တိုက်စဉ်မှာ မတော်တဆဖြစ်ပြီး မြက်ခင်းပေါ် လဲကျသွားခဲ့ပါတယ်။ အရုပ်ကြိုးပြတ်လဲကျသွားတဲ့ ဒွန်ဘီယာဟာ ခေါင်းနဲ့ မြက်ခင်းတိုက်ရိုက်ကျခဲ့တာကြောင့် လျှာခေါက်သွားခဲ့ပြီး အသက်ရှုမရဘဲ သတိလစ်လုနီးပါး ဖြစ်သွားခဲ့တာပါ။

play

 

ပွဲပြီးတဲ့အခါ အိုင်ဗရီကို့စ်အသင်းရဲ့ ပီအက်စ်ဂျီကစားသမား အော်ရီယာကို ကျေးဇူးတင်ကြောင်း မာလီအသင်းနည်းပြက ထုတ်ပြောခဲ့ပါတယ်။

play

 

အော်ရီယာရဲ့ ဆုံးဖြတ်ချက်ကောင်းမွန်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့် ဒွန်ဘီယာ အသက်သေဆုံးမယ့်ဘေးက လွတ်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အိုင်ဗရီကို့စ်အသင်းက ၃-၁  နဲ့ အနိုင်ရခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ