International: နောက်တန်းကစားသမား ဖျက်ထုတ်လိုက်သည့် ဘောလုံးက ဂိုးထဲ တန်းဝင်သွား

ကွင်းတစ်ဖက်ခြမ်းကနေ နောက်တန်းကစားသမား ဖျက်ထုတ်လိုက်တဲ့ ဘောလုံးက ဂိုးထဲ တန်းရောက်သွားပါတယ်။

 

ဘောလုံးပွဲတစ်ပွဲမှာ နောက်ခံလူ တစ်ဦးအနေနဲ့ အသင်းအတွက် အဖိုးတန်ဂိုးသွင်းပေးဖို့ဆိုတာ မလွယ်လှပါဘူး။ ရိုးရိုးတန်းတန်း ဂိုးသွင်းတာမျိုး မဟုတ်ပဲ ကွင်းတစ်ဖက်ခြမ်းက သွင်းဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်လှပါသေးတယ်။

 

အမေရိကန် ကောလိပ်ဘောလုံးပွဲတစ်ပွဲမှာတော့ နောက်ခံလူတစ်ဦးဟာ ကွင်းတစ်ဖက်ခြမ်းကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဂိုးဟာ မတော်တဆ ဝင်သွားခဲ့တဲ့ ဂိုးသာ ဖြစ်ခဲ့ပါတယ်။ ပီယာ့စ်ကောလိပ်ရိုက်ဒါ အသင်းနဲ့ ဆောက်သ်ပူးဂတ် အသင်းတို့ရဲ့ တွေ့ဆုံပွဲမှာ ဒီလို ဆန်းကြယ်တဲ့ ဂိုးကို မြင်တွေ့ခဲ့ရတာပါ။

ပီယာ့စ်ကောလိပ် ရိုက်ဒါရဲ့ နောက်ခံကစားသမား ဘရက်ဒီသောမတ်စ်ဟာ တစ်ဖက်အသင်းက ကစားသမား သယ်လာတဲ့ ဘောလုံးကို ဖျက်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဘက် ကွင်းတစ်ဖက်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ မမျှော်လင့်ပဲ ပြိုင်ဘက် ဂိုးထဲကို တည့်တည့်ကျရောက်သွားခဲ့ပါတယ်။

မိမိအသင်း တိုက်စစ်ဆင်နေချိန်ဖြစ်လို့ ဂိုးထိပ်နားကို ထွက်နေခဲ့တဲ့ ဂိုးသမားလည်းဘာမှမတက်နိုင်ဖြစ်ခဲ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ