International: ဒေါသထွက်ပြီး ဂျာနယ်လစ်တွေကို ဘောလုံးနဲ့ အရှိန်ပြင်းပြင်း ကန်လိုက်တဲ့ ရော်နယ်ဒို

အသင်းဖော် ဒန်နီလိုရဲ့ လှည့်စားမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် အသင်းသားတွေနဲ့ လေ့ကျင့်ခန်း ဆင်းနေစဉ်မှာ အသင်းဖော် ဒန်နီလိုရဲ့ လှလှပပ လှည့်စားခြင်းကို ခံလိုက်ရတဲ့ ရော်နယ်ဒိုဟာ ဒေါသထွက်သွားခဲ့ကြောင်း သိရပါတယ်။

ဘောလုံးကစားသမားတွေလေ့ကျင့်ခန်း ဆင်းကြတဲ့အခါ လုပ်ကြတဲ့ထုံးစံအတိုင်း ကစားသမားတွေက စက်ဝိုင်းပုံစံ လုပ်ကာအတွင်းမှာ ကစားသမားနှစ်ဦးက ဘောလုံးလိုက်လုရတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဘောလုံးလိုက်လုနေတဲ့ ရော်နယ်ဒိုက အသင်းဖော် ဒန်နီလိုရဲ့ လှည့်စားမှုကို ခံရပြီးနောက် ဒေါသထွက်ကာ ဘောလုံးကို မီဒီယာတွေရှိနေတဲ့ဘက်ဆီ အားပြင်းပြင်း ကန်ချလိုက်တာဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒီလိုမကြာခဏ ဒေါသထွက်တာမျိုး တွေ့ရလေ့ရှိပါတယ်။ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှတော့ ရော်နယ်ဒိုကို လှည့်စားလိုက်တဲ့ ဒန်နီလိုကို အသင်းဖော်မာဆယ်လိုက ချီးကျူးပြောဆိုနေသံ ကြားခဲ့ရတယ်။

Source : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ