International: သားဖြစ်သူကို ကုပ်ပိုးပြီး ကျောင်းလိုက်ပို့တဲ့ မက်ဆီ

ကမ္ဘာကျော်ဘောလုံးသမားဖြစ်ပေမဲ့ မက်ဆီလည်း အခြားသူတွေလို ဖခင်တာဝန် ထမ်းဆောင်ရပါတယ်။

play

 

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီဟာ ကမ္ဘာကျော်တဲ့ ဘောလုံးသမားဖြစ်ပေမဲ့ သူလည်း အခြားအမျိုးသားတွေလို ဖခင်တာဝန် ထမ်းဆောင်ရသူ ဖြစ်ပါတယ်။

play

 

အသက် ၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ သီယာဂိုကို ပခုံးပေါ်ထမ်းပြီး မက်ဆီက ကျောင်းလိုက်ပို့နေတာ တွေ့ခဲ့ရပါတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ ရှားပါးလှတဲ့ အားလပ်ချိန်ကို အသုံးချပြီး ဖခင်တစ်ယောက်ရဲ့ တာဝန်ကို မက်ဆီထမ်းဆောင်နေခဲ့တာပါ။ မက်ဆီတို့ဇနီးမောင်နှံရဲ့ သားအကြီးဖြစ်သူ သီယာဂိုဟာ ကျောင်းစတက်နေပြီဖြစ်ပြီး ကျောင်းပထမဆုံးနေ့မှာ မိသားစု စုံစုံညီညီ ကျောင်းလိုက်ပို့ခဲ့ကြတာပါ။

play

 

သီယာဂိုဟာ စာသင်ကျောင်း စမတက်ခင်မှာ ဖခင်ဖြစ်သူ ဘာစီလိုနာအသင်း ဘောလုံးသင်တန်းကျောင်းမှာ တက်ရောက်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သားဖြစ်သူကို ဘောလုံးကစားခိုင်းဖို့ တွန်းအားပေးမှာ မဟုတ်ဘဲ ဘောလုံးတွေလည်း အများကြီးဝယ်ပေးမှာ မဟုတ်ဘူးလို့ မက်ဆီက ပြောထားဖူးပါတယ်။

play

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ