International: ဂိုးသွင်းပြီးတဲ့နောက် ပြိုင်ဘက်ဂိုးသမားကို နောက်ပြောင်ခဲ့တဲ့ ရော်နယ်ဒို

ပြိုင်ဘက် ဂိုးသမားကို ရော်နယ်ဒိုက စ,နောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်က ရီးရဲလ်ဘက်တစ်ကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက ပြိုင်ဘက်ဂိုးသမားကို နောက်ပြောင်ခဲ့ကြောင်း သိရပါတယ်။

play

 

အဲဒီပွဲစဉ်မှာ ရော်နယ်ဒိုက တစ်ပွဲလုံးနီးပါး ဂိုးသွင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပွဲပြီးခါနီးကျမှသာ သူကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သူဂိုးသွင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရီးရဲလ်ဘက်တစ် ဂိုးသမား အဒမ်ကို ဂိုးသွင်းပြီးတဲ့နောက် ရော်နယ်ဒိုက နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဂိုးသမားအဒမ် စိတ်ပျက်ပြီး ခါးထောက်မတ်တပ်ရပ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက ဂိုးသမား အဒမ်နဲ့ ခပ်လှမ်းလှမ်းမှာ အဲဒီအတိုင်း ထပ်တူကျအောင် ခါးထောက်ပြီး ရပ်ပြရယ်မောနေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ငါးဂိုးအထိ ရထားပြီးသားဖြစ်ပေမဲ့ သူကိုယ်တိုင် ဂိုးမသွင်းနိုင်သေးလို့ မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ၇၈ မိနစ်မှာ ဂိုးသွင်းပြီးတဲ့နောက် စိတ်ကျေနပ်သွားပုံ ရပါတယ်။

Source : Givemesports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ